Pages

Tuesday, June 28, 2016

ဥရုဂွေးနိုင်ငံမှ ပင်လယ်ဖျံများကို တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၌ ထားရှိမည်



ရန်ကုန် ၊ ၂၈-၆-၂၀၁၆

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ၌ ဥရုဂွေးနိုင်ငံမှ ရောက်ရှိလာမည့် ပင်လယ်ဖျံ များကို ထားရှိသွားမည် ဖြစ်ပြီး တိရစ္ဆာန် ဥယျာဉ် (ရန်ကုန် )၌လည်း အပန်းဖြေသူများ အတွက် စိတ်လှုပ်ရှားဖွယ် 3D တိရစ္ဆာန် ရုပ်ကြီးများအား နေရာငါးခု၌ ရေးဆွဲသွားမည် ဖြစ်ကြောင်း တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး ဦးတင်မွန်ဆန်း က ပြောသည်။

'' 3D တိရစ္ဆာန် အရုပ်ကြီးတွေ မကြာခင် ရေးဆွဲဖို့ ပန်းချီဆရာ တစ်ဦးနဲ့ ချိတ်ဆက် ထားပါတယ်။ နေရာငါးခုလောက်ကို ရွေးချယ်ပြီး ဆောင်ရွက်ပါမယ်။ ဥပမာ- ဝက်ဝံရုံဘေးမှာ၊ ဝက်ဝံက သံတိုင်ဖြဲပြီး ထွက်လာတာနဲ့ ကျားသစ်က သစ်ပင်ပေါ် ကနေ ခုန်ဆင်းလာတာ စတဲ့ပုံစံ တွေကို မြေတစ်ဝက်၊ နံရံတစ်ဝက် ရေးဆွဲသွားမှာ ဖြစ်တယ်။ နောက်ပြီး ပင်ဂွင်တွေ ဝယ်ဖို့ အဖွဲ့အစည်း တစ်ခုနဲ့ သဘော တူညီချက် လုပ်ထားပါတယ်။ ပြီးတော့ ဥရုဂွေးနိုင်ငံက ပင်လယ်ဖျံ ရောက်ဖို့ရှိ ပါတယ်။ ဒီဖျံတွေကို တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကို ပို့ပေးသွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့ပြင် တိရစ္ဆာန်ဥယျာဉ် ၌ ရှားပါး တိရစ္ဆာန်များ ထပ်မံတိုးချဲ့ ပြသသွားရန် စီစဉ်နေပြီး ဥယျာဉ်အတွင်း ရှိသော ကလေးကစား ကွင်းနှင့် အများပြည်သူ အပန်းဖြေစရာ အစီအစဉ် များကို ပိုမိုတိုးချဲ့ကာ ရေကန်အတွင်း
ကနူးလှေ ငါးစင်းကို မကြာမီ ဝယ်ယူဖြည့်တင်း သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်) ၌ ရှားပါးမျိုးစိတ် ကြယ်လိပ်၊ ကျား၊ ကျားသစ်၊ ဒေါင်းစိမ်း၊ အောင်လောင်၊ အောက်ချင်း နှင့် တခြား တိရစ္ဆာန်များကို ရေရှည် ထိန်းသိမ်း နိုင်ရန် သားစပ်မျိုးဖောက် စနစ်အပါအဝင် နိုင်ငံတကာ တိရစ္ဆာန် လဲလှယ်မှု အစီအစဉ် များဖြင့် ထိန်းသိမ်းဆောင်ရွက် နေကြောင်း သိရသည်။

ထို့ပြင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည် နို့တိုက်သတ္တဝါ မျိုးစိတ် ၄၄ မျိုး၊ ကျေးငှက် မျိုးစိတ် ၇ဝ နှင့် တွားသွား သတ္တဝါ မျိုးစိတ် ၁၇ မျိုး စုစုပေါင်း တိရစ္ဆာ န် ၁၃၉၇ ကောင် ပြသ ထားကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment