Pages

Monday, June 27, 2016

ငါးသယံဇာတ တိုးပွားလာစေရေး အတွက် ငါးမဖမ်းရရာသီ ပြောင်းလဲ သတ်မှတ်ခြင်းနှင့် ငါးဖမ်းရေယာဉ်များ လျှော့ချခြင်းတို့ ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၇-၆-၂၀၁၆

မြန်မာ့ ပင်လယ်ပြင်၌ ငါးသယံဇာတ တိုးပွားလာစေရေး နှင့် ငါးမဖမ်းရ ရာသီပြောင်းလဲ သတ်မှတ်ခြင်း၊ ငါးဖမ်းရေယာဉ် များ လျှော့ချခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ အတွင်းရှိ ငါးဖမ်းရာနေရာ များ၌ ငါးသားပေါက် ချိန်နှင့် ငါးကြီးထွားချိန် တို့ဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လ တို့တွင် ငါးမဖမ်းရ ရာသီအဖြစ် နှစ်စဉ်သတ်မှတ် ပေးခဲ့ကြောင်း သိရသည်။

''ငါးမဖမ်းရ ရာသီအဖြစ် ပြီးခဲ့တဲ့နှစ်တွေက ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လ တွေကို သတ်မှတ် ပေးခဲ့ပြီး ပိတ်ပင်ခဲ့ ပေမယ့် အခု လုပ်ငန်းရှင် တွေရဲ့ ဆွေးနွေးချက် အရ မေ၊ ဇွန် နဲ့ ဇူလိုင်လ ဆိုပြီး ပြန်သတ်မှတ်ဖို့ ရှိတယ်။ ငါးဖမ်း ရေယာဉ်ကိုတော့ မလျှော့ချဘဲ အရင်ကလို ၅ဝ ရာခိုင်နှုန်းပဲ ဖြစ်စေချင်တယ်'' ဟု မြန်မာ့ ပင်လယ်ပြင် ငါးဖမ်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်မောင်စိုး က ပြောသည်။

ငါးမဖမ်းရ ရာသီနှင့် ဧရိယာ သတ်မှတ်ခြင်းကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှ စတင်ခဲ့ပြီး ကနဦးတွင် တနင်္သာရီတိုင်း ဒေသကြီးရှိ ငါးဖမ်းကွက် တစ်ခုတည်း ကိုသာ ပိတ်ပင်ခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြု ငါးဖမ်းရေယာဉ် ၆၅ ရာခိုင်နှုန်း၊ ပိတ်ပင် ငါးဖမ်းရေယာဉ် ၃၅ ရာခိုင်နှုန်း နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငါးဖမ်း ရေယာဉ်နှင့် ပိတ်ပင် ငါးဖမ်းရေယာဉ် ၅ဝ ရာခိုင်နှုန်းစီ သတ်မှတ် ခဲ့ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment