Pages

Monday, June 27, 2016

အဆိုပြုသင်တန်းကျောင်း ၁၄ ကျောင်းကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်သင်ကြား ပေးနိုင်ရေး ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၇-၆-၂၀၁၆

ပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုရရှိစေရန် သူနာပြုများ ပိုမို မွေးထုတ်ပေး နိုင်မည့် အဆိုပြု သင်တန်းကျောင်း ၁၄ ကျောင်းကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မှစ၍ တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ် သင်ကြား ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ယခုအခါ သူနာပြု သင်တန်းကျောင်း ၂၅ ကျောင်း၊ သားဖွား သင်တန်းကျောင်း ၂၂ ကျောင်းနှင့် နှီးနွှယ် သင်တန်းကျောင်း သုံးကျောင်း စုစုပေါင်း ကျောင်း ၅ဝ အထိ တိုးချဲ့ဖွင့်လှစ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

''သင်တန်းကျောင်း ရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းရမယ်။ သင်ရိုးညွှန်းတမ်း တွေကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲရေး လုပ်ငန်းတွေ ချမှတ် နေပါတယ်'' ဟု ဆေးဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး နှင့် စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်ထွန်း က ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှု အတွက် တာဝန်ယူရသည့် သူနာပြုနှင့် သားဖွား ဆရာမများ အနေဖြင့် ပြည်သူလူထု အတွက် အခြေခံ သူနာပြုစုခြင်းကို တတ်နိုင်သမျှ ဆောင်ရွက်ပေးပြီး သင်တန်းကျောင်း များ၌ လိုအပ်လျက် ရှိသည့် သင်ကြားရေး ဆိုင်ရာ စာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများနှင့် သင်ရိုးညွှန်းတမ်း များကို ဆန်းစစ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် အထိ သူနာပြုနှင့် သားဖွား ဆရာ၊ ဆရာမ ဒီပလိုမာ ၃ဝ၄၁ဝ ဦး၊ ဘက်စုံသားဖွား လက်မှတ်ရနှင့် ဘက်စုံ ဒီပလိုမာ ၃၆၁ဝ၁ ဦးနှင့် အမျိုးသမီး ကျန်းမာရေး ဆရာမ ၄၅ဝ၈ ဦး မွေးထုတ် နိုင်ခဲ့ကြောင်း၊ လက်ရှိ သူနာပြု၊ သားဖွား ဒီပလိုမာ ပထမနှစ် ၁၈၉၉ ဦး၊ ဒုတိယနှစ် ၁၅၅ဝ ဦး၊ တတိယနှစ် ၁၄ဝ၉ ဦးနှင့် ဘက်စုံ သားဖွား ဒီပလိုမာ ပထမနှစ် ၁၄ဝဝ ဦး၊ ဒုတိယနှစ် ၁၁၈၂ ဦးနှင့် အမျိုးသမီး ကျန်းမာရေး ဆရာမ ၁၅၉ ဦး တိုးမြှင့်ရွေးချယ် ပညာသင်ကြား လျက် ရှိသည်။

ထို့ပြင် သူနာပြုနှင့် သားဖွားဆရာ၊ ဆရာမများ ရွေးချယ်ရာတွင် လိုအပ်ချက်နှင့် အညီ ကိုက်ညီမှု ရှိ၊ မရှိ ဆန်းစစ်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်သို့ မဝင်မီ အကြိုသင်တန်း များ ပေးပြီးမှသာ လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း အားဖြင့် ပြည်သူများအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက် နိုင်သည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment