Pages

Friday, June 24, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ နယ်နိမိတ်ပြင်ဆင် သတ်မှတ်ရေးအတွက် ပြည်သူများထံမှ အကြံပြုလွှာများ တောင်းခံသွားမည်



ညောင်ဦး ၊ ၂၄-၆-၂၀၁၆

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကို သို့ ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေး လုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်း ခဲ့ပြီး နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေး နှင့် ပတ်သက်၍ ပြည်သူများ ထံမှ အကြံပြုလွှာများ တောင်းခံ သွားမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်ခဲ့သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေးကို အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းနှင့် ပုဂံဒေသ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

ယခင်က ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကာကွယ် စောင့်ရှောက်ရေး အတွက် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်နှင့် ကာကွယ် ထိန်းသိမ်း ထားသော ဇုန်များကို ပညာရှင်များဖြင့်
ပူးပေါင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဇုန်သတ်မှတ် ချက်တွင် လူနေအိမ်များ ပါဝင်နေ သဖြင့် ဒေသခံများ၏ လူမှုစီးပွား ဘဝများကို ထည့်သွင်း တွက်ချက် နေရကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) သည် ပုဂံရှေးဟောင်း  ယဉ်ကျေးမှု နယ်မြေ ဖွံ့ဖြိုးရေး အတွက် စီမံကိန်းတစ်ခု ရေးဆွဲကာ လိုအပ်သည့် အကူအညီများ ဆောင်ရွက် ပေးပြီး ခရီးသွား 

လုပ်ငန်း စီမံအုပ်ချုပ်ရေး တိုးမြှင့်ခြင်း၊ အခြေခံ လိုအပ်ချက်များ သတ်မှတ်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ခြင်းနှင့် ပုဂံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး စီမံချက် စသည့် လုပ်ငန်းများ အတွက် လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment