Pages

Friday, June 24, 2016

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် CGI စနစ်ဖြင့် ချေးငွေများ ထုတ်ချေးမည်



ရန်ကုန် ၊ ၂၄-၆-၂၀၁၆

ပြည်တွင်း၌ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုး တက်ရန် ရည်ရွယ်၍ လိုအပ်သည့် ငွေကြေး အထောက်အပံ့ ရှိစေရန် Credit Guaranttee Insurance (CGI) စနစ်ဖြင့် ချေးငွေများ ထုတ်ချေးခြင်းကို မြန်မာ့အာမခံ လုပ်ငန်း ၊ Sumitomo Mitsui Banking Coporation (SMBC) နှင့် သမဝါယမဘဏ် CB Bank တို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ဖြင့် ငွေချေး လိုပါက မြန်မာ နိုင်ငံသားပိုင် SMEs လုပ်ငန်း ဖြစ်ရမည့် အပြင် လုပ်ငန်းသက်တမ်း သုံးနှစ် ရှိရမည် ဖြစ်ကာ အပေါင်ပစ္စည်း မပါဘဲနှင့်လည်း ငွေချေးယူ နိုင်မည် ဖြစ်ကြောင်း အပေါင်ပစ္စည်းမဲ့ ချေးငွေအဖြစ် ငွေကျပ် သိန်း ၂ဝဝ အထိ ထုတ်ချေးပေးမည် ဖြစ်ပြီး လုပ်ငန်း တိုးတက်မှု အပေါ်မူတည်ကာ ပိုမို ထုတ်ချေးနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အပေါင်ပစ္စည်း နှင့် ငွေချေးပါက အမျိုးအစားနှင့် တန်ဖိုးပေါ် မူတည်ပြီး ချေးယူနိုင်မည် ဖြစ်ကာ CB Bank က ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း အတိုးယူမည် ဖြစ်ကြောင်း၊ ချေးငွေများကို တစ်နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်၍ နှစ်စဉ် အာမခံသို့ ပေးဆောင်ရမည့် ပရီမီယံကြေး ကိုလည်း ငွေချေးယူသူ လုပ်ငန်းရှင်က ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ CGI စနစ်ဖြင့် ချေးငွေရယူလို သူများသည် မြန်မာ့အာမခံ လုပ်ငန်းနှင့် CB Bank သို့ ချိတ်ဆက်ကာ SMEs လုပ်ငန်း ဖြစ်ကြောင်း၊ အသိအမှတ်ပြု လက်မှတ် လုပ်ငန်း ဘဏ္ဍာရေး ရှင်းတမ်းများ နှင့်အတူ အသေးစားနှင့် အလတ်စား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဌာနကို လျှောက်ထား ရမည်ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment