Pages

Friday, June 24, 2016

ဆိုလာလေယာဉ် က အတ္တလန္တိတ် သမုဒ္ဒရာကို ပထမဆုံးအကြိမ် ဖြတ်သန်း



ဝါရှင်တန် ၊ ၂၄-၆-၂၀၁၆

ကမ္ဘာကို လှည့်ပတ်ပျံသန်း နေသော Solar Impulse 2 နေစွမ်းအင်သုံး လေယာဉ်သည် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ မှ အတ္တလန္တိတ် သမုဒ္ဒရာကို ၇၁ နာရီကြာ ဖြတ်ကျော်ပျံသန်း ခဲ့ပြီးနောက် ဇွန် ၂၃ ရက်က စပိန်နိုင်ငံ၊ Seville မြို့ လေဆိပ်သို့  အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ရာ နေစွမ်းအင်သုံး လေယာဉ်တစ်စီး အနေဖြင့် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်း နိုင်သော ပထမဆုံး လေယာဉ်အဖြစ် မှတ်တမ်းဝင် သွားပြီ ဖြစ်ကြောင်း သိရသည်။ 

Solar Impulse 2 ကို ဆွစ်ဇာလန် နိုင်ငံသား Bertrand Piccard က မောင်းနှင်ပျံသန်း လာခြင်းဖြစ်ပြီး ၇၁ နာရီကြာ မြင့်သော လေယာဉ်ပျံသန်းချိန် အတွင်း မိုနာကို ရှိ လေယာဉ်ထိန်းချုပ် ရေးအဖွဲ့ နှင့် မပြတ် ဆက်သွယ်ပြောဆို နေခဲ့ကြောင်း သိရသည်။ 

အခုလို အတ္တလန္တိတ် သမုဒ္ဒရာကို တစ်ယောက်ထဲ လေယာဉ်ပျံ မောင်းပြီး ဖြတ်သန်းဖို့  ရည်မှန်းချက် က Charles Lindbergh နဲ့  ဆုံတွေ့ ဖူးခဲ့ပြီး တဲ့နောက် ကိန်းအောင်း လာခဲ့တာပါ။ Charles ကို ကျွန်တော် အသက် ၁၁ နှစ် အရွယ်တုန်းက ဆုံတွေ့ ခွင့် ရရှိခဲ့တာ ဖြစ်ပြီးအခု ကျွန်တော် အသက် ၅၈ နှစ်အရွယ်ကျမှ ကျွန်တော့် ရည်မှန်းချက် ကို အကောင်အထည် ဖော်နိုင်ခဲ့တာပါ ဟု Bertrand က ပြောပြသည်။ Charles Lindbergh သည် ၁၉၂၇ ခုနှစ်၊ မေ ၂၀ ရက်က အတ္တလန္တိတ် သမုဒ္ဒရာကို စက်တစ်လုံးတပ်၊ တစ်ယောက်စီး လေယာဉ် Spirit of St. Louis ဖြင့် ဖြတ်သန်းခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ပျံသန်းချိန် ၃၁ နာရီဖြစ်ကြောင်း၊ Bertrand သည် Charles ကို အားကျကာ အတ္တလန္တိတ် သမုဒ္ဒရာကို တစ်ကိုယ်ရေတည်း ဖြတ်သန်းရန် ဆန္ဒပြင်းပြ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Solar-Impulse 2 နေစွမ်းအင်သုံး လေယာဉ်ဖြင့် Bertrand သည် မိုင်ပေါင်း ၄၂၀၀ ကိုဖြတ်သန်းခဲ့ ရခြင်းဖြစ်သည်။ Bertrand သည် Solar-Impulse 2 လေယာဉ်ဖြင့် ၂၀၁၅ ခုနှစ်၊ မတ် ၉ ရက်က အဘူဒါဘီမှ စတင်ထွက်ခွာ လာခဲ့ရာ အာရှတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာတို့  ကိုဖြတ်သန်းခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင် ဆိုက်ကပ်ရပ်နား ခဲ့ပြီးနောက် ၁၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းခဲ့ခြင်း ဖြစ်ကြောင်း၊ လေယာဉ်သည် နေစွမ်းအင် တစ်မျိုးတည်းကိုသာ အသုံးပြုပြီး လေယာဉ်ပေါ်တွင် ဖိုတိုဗို့ တိတ် ၁၇၀၀၀ သိုလှောင်နိုင်သော ဘက်ထရီဆဲလ် များသာ ပါဝင်ပြီး ကမ္ဘာတစ်ဝန်းက သန့် စင်စွမ်းအင် ကိုသာ အသုံးပြုကြရန် လှုံ့ဆော်သည့် အနေဖြင့် ဤကမ္ဘာပတ် ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment