Pages

Thursday, June 23, 2016

အကြိမ် (၃၀)မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး


မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt.Gen. Somsak Nilbanjerdkul တို့ အကြိမ် (၃၀)မြေက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး သဘောတူညီချက်အား အပြန်အလှန် လဲလှယ်ကြစဉ်

နေပြည်တော် ၊ ၂၃-၆-၂၀၁၆

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်လျက် ရှိသည့် အကြိမ်(၃ဝ) မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကျိုင်းတုံမြို့၊ Amazing Kengtong Resort ဟိုတယ်တွင် ဆက်လက် ကျင်းပရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Lt.Gen. Somsak Nilbanjerdkul နှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ဦးစွာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင် နှင့် ထိုင်း ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Lt.Gen. Somsak Nilbanjerdkul တို့က အကြိမ်(၃ဝ) မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြား ကော်မတီ အစည်းအဝေး သဘော တူညီချက်အား အတည်ပြု လက်မှတ် ရေးထိုးကာ အပြန်အလှန် လဲလှယ် ကြသည်။

ယင်းနောက် မြန်မာ-ထိုင်း ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် များက နှစ်နိုင်ငံ အထိမ်းအမှတ် တံဆိပ်များကို အပြန်အလှန် လဲလှယ်ကြပြီး အမှာစကား အသီးသီး ပြောကြား၍ ကော်မတီ အဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ အစည်းအဝေး ကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment