Pages

Thursday, June 23, 2016

လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်စထိုးကြိတ် သေနတ်လုယူမှုကြောင့် ကျည်ပေါက်ထွက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်စထိုးကြိတ် သေနတ်လုယူမှုကြောင့် ကျည်ပေါက်ထွက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်

နေပြည်တော် ၊ ၂၃-၆-၂၀၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတား အနီး၌ ဇွန် ၂ဝ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် လူရှစ်ဦး၏ အနှောင့်အယှက် ခံရသူ လေးဦးက နယ်မြေခံတပ်မှ လုံခြုံရေး ယူထားသည့် ဗလမင်းထင်တံတား လုံခြုံရေးဂိတ် (စီတာပူ) ဘက်ခြမ်းသို့ ရောက်ရှိလာကာ အကူအညီ တောင်းခံခဲ့ သဖြင့် လိုက်ပါပို့ဆောင် ပေးသည့် စစ်သည်နှစ်ဦး ထံမှ သေနတ်လုယူ ခဲ့ရာမှ ကျည်ပေါက်ထွက်ပြီး မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ အစည်းအဝေး ခန်းမ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦး နှင့် အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာ နှင့်အဖွဲ့ဝင်များ၊ မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ် အမှုဆောင် ဦးထွန်းအောင်ကျော် နှင့်အဖွဲ့ဝင် များ၊ သေဆုံးသူ မောင်ဂွမ်ဆိုင်းအောင် ၏ မိသားစုဝင်များ၊ သတင်းဌာန အဖွဲ့များမှ ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ ရဲမှူးကြီး ထွန်းဦး က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားကာ စစ်သည်များအား ဝိုင်းဝန်း ထိုးကြိတ်ကာ လက်နက်အား လုယူရာတွင် ပါဝင်ခဲ့သည့် ထွက်ပြေး သွားသော ကျန်လူငယ် ခုနစ်ဦး အား ဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူ နိုင်ရေးနှင့် ဖြစ်စဉ်တွင် ပါဝင်သည့် စစ်သည် နှစ်ဦးအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း သည် မီဒီယာများ အနေဖြင့် အကြောင်းအရာ အား အမှန်အတိုင်း သိရှိ ထုတ်ပြန်နိုင် စေရန်နှင့် ဘေးပယောဂ များကြောင့် မလိုလား အပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက် လာသည့် သတင်းဌာနများမှ ကိုယ်စားလှယ် များ၏ မေးမြန်းမှု များကို တာဝန်ရှိသူ များက အသီးသီး ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment