Pages

Thursday, May 26, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira က ဂုဏ်ပြုအခမ်းအနား ဖြင့်ကြိုဆို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က မြင်းတပ်ဖြင့် ပထမဦးဆုံးအကြိမ် ကြိုဆို ဂုဏ်ပြုစဉ်


နေပြည်တော် ၊ ၂၆-၅-၂၀၁၆

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira မှ ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနား ကို မေ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ထိုင်းဘုရင့် တပ်မတော်ဌာနချုပ် ၌ ကျင်းပ ပြုလုပ်သည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ရန် ထိုင်းဘုရင့် တပ်မတော် ဌာနချုပ်သို့ ရောက်ရှိလာရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့် ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများက ခရီးဦးကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက်ပြီး ထိုင်းဘုရင့် တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ၄င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ ကို စစ်ဆေးကြပြီး ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် လာကြသော နှစ်နိုင်ငံ တပ်မတော် အရာရှိကြီး များနှင့် အပြန်အလှန် မိတ်ဆက်ပေး ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းဘုရင့် တပ်မတော်ဌာနချုပ် ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira တို့သည် ထိုင်းဘုရင့် တပ်မတော်ဌာနချုပ် ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေး ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင် နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ Deputy Chief of Defence Forces, RTARF (2) ဖြစ်သူ Admiral Prasan Sukkaset? Deputy Chief of Defence Forces, RTARF (3) ဖြစ်သူ Air Chief Marshal Tawon Maneepluek နှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချစ်ကြည်ရေး ခရီး လာရောက်သည့် အတွက် ကျေးဇူးတင် ရှိကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် အတွက်သာမက မြန်မာနိုင်ငံ အတွက်ပါ အရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ် သောကြောင့် တွေ့ဆုံရသည် ကို အထူးဂုဏ်ယူ မိကြောင်း၊ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနား ကိုလည်း မြင်းတပ်ဖြင့် ကြိုဆိုဂုဏ်ပြု ရသည်မှာ ပထမဦးဆုံး အကြိမ် ဖြစ်ပါကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး  ဦးစီးချုပ် က ပြောကြားရာတွင် နွေးထွေးစွာ ကြိုဆိုသည့် အတွက် များစွာ ကျေးဇူးတင်ရှိ ကြောင်း၊ မိမိကဲ့သို့ ထိုင်းနိုင်ငံမှ (ကြည်း၊ ရေ၊ လေ) တပ်မတော် ခေါင်းဆောင်ကြီးများ ကလည်း အကြိမ်ပေါင်းများစွာ မြန်မာနိုင်ငံကို အလည်အပတ် လာရောက် ခဲ့သည့်အတွက် ချစ်ကြည် ရင်းနှီးမှုပိုမို တိုးတက် ခဲ့ကြောင်း၊ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ် များတွင်လည်း ပိုမိုအောင်မြင် လာသည်မှာ ချစ်ကြည် ရင်းနှီးမှု ရလဒ်ကြောင့်ပင် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်သည် မိမိနိုင်ငံ၏ နိုင်ငံရေး ပုံစံသစ် ပြောင်းလဲသည့် ကာလဖြစ်သဖြင့် နိုင်ငံရေး အခင်းအကျင်းကို ခိုင်ခိုင်မာမာ ဖြစ်အောင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရ ကြောင်း၊ ယခု ဒုတိယ သက်တမ်း အစိုးရအသစ် ပြောင်းလဲခဲ့ပြီး တပ်မတော် အနေဖြင့် အစိုးရ သစ်၏ မူဝါဒအပေါ် နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေး၊ တိုးတက်ရေးကို ပြင်ဆင်နေရသည့် ကာလဖြစ်ကြောင်း၊ နိုင်ငံရေးပုံစံ ပြောင်းလဲသည့် ကာလ ဖြစ်သည့်အတွက် မိမိနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများ ရှိကြောင်း၊ တပ်မတော် သည် နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရန် အတွက် ဖြစ်ကြောင်း၊ မိမိနိုင်ငံ အနေဖြင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ရှိသည့်အတွက် စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်း လမ်း၊ သံတမန်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုင်းနိုင်ငံ အစိုးရနှင့် တပ်မတော် အနေဖြင့် မိမိနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် များစွာ အကူအညီ ပေးခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး တိုင်းပြည် ငြိမ်းချမ်း ရေး အတွက် ကြိုးစား ဆောင်ရွက်လျက် ရှိသည်ကို အသိပေး လိုကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ သည်ကို လည်း များစွာ ကျေးဇူးတင် ရှိကြောင်း၊ မိမိတို့ နိုင်ငံလည်း နှစ်ပေါင်း ၆ဝ ကျော်ရှိသည့် လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းစေလို ကြောင်း၊ ထိုင်းတပ်မတော် အနေဖြင့်လည်း ပြည်သူပြည်သား များ၏ အသက်အိုးအိမ် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ခဲ့ သည်မှာ ရပ်တည်ချက် မှန်ကန်သည်ဟု မိမိ အနေဖြင့် ပြောလိုပါကြောင်း၊ မိမိတို့ အနေဖြင့် လည်း ထိုင်းနိုင်ငံ အစိုးရ၊ ထိုင်းတပ်မတော် နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်သားဘဝ ဆိုသည်မှာ တပ်သားသစ်/ အရာရှိလောင်း ဘဝမှစပြီး အငြိမ်းစား ယူသည်အထိ ဖြတ်သန်းခဲ့ရသဖြင့် အတွေ့အကြုံ များစွာရရှိပြီး ဖြစ်ကြောင်း၊ ၄င်း အတွေ့အကြုံ များကို အကျိုးရှိစွာ သုံးစွဲသွားရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းတပ်မတော် နှင့် မြန်မာတပ်မတော် သည် ချစ်ချစ်ခင်ခင် ရှိပါကြောင်း၊ နယ်စပ်တစ်လျှောက် နှင့် ရေပြင်၊ မြေပြင် ပြဿနာများ ကြီးမားစွာ မရှိကြောင်း၊ ၄င်းအပြင် ယခု အချိန်သည် ချစ်ကြည်ရေး အမြင့်ဆုံး အချိန်ဖြစ်သည်ဟု ပြောဆိုနိုင်ကြောင်း၊ တပ်မတော်သား အချင်းချင်း စကားပြောဆို ရာတွင် လွယ်ကူ သလောက် နိုင်ငံရေးတွင် ပြောဆိုရာတွင် အခက်အခဲများ ရှိကြောင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဝန်ကြီးဌာနများ အနေဖြင့် အစိုးရ၏ မူဝါဒအပေါ် မူတည်ပြီး အကောင်အထည် ဖော်ရကြောင်း၊ အစိုးရမူဝါဒ မှန်ပါက အစိုးရ လုပ်ဆောင်ချက် မှန်ကန်ပြီး လူထု၏ ထောက်ခံမှု ရရှိ မှာဖြစ်ကြောင်း၊ မူဝါဒ မှားပါက အစိုးရတွင် တာဝန်ရှိမည် ဖြစ်ကြောင်း၊ ပြည်သူလူထု စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိဖို့ အတွက် လိုကြောင်း၊ ၄င်းအတွက် တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း၊ တပ်မတော် အနေဖြင့် ပြည်တွင်း လက်နက်ကိုင် ငြိမ်းချမ်းရေးကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၄င်းအပြင် သယံဇာတ ကာကွယ်ရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး ကိစ္စရပ် များကိုလည်း တပ်မတော် အနေဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း အပေါ် ကျေးဇူးတင် ရှိကြောင်း၊ ကောင်းကောင်းမွန်မွန် နေထိုင် လုပ်ကိုင် နေကြသော မိမိနိုင်ငံသား များအား ဥပဒေနှင့်အညီ ကာကွယ် ထိန်းသိမ်း ပေးသည့်အတွက် ကျေးဇူး တင်ရှိကြောင်း နှင့် ရှေ့ဆက်ပြီး ကာကွယ်ထိန်းသိမ်း ပေးပါရန် ပြောကြား လိုပါကြောင်း ပြောကြားပြီး တပ်မတော် နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira တို့ တွေ့ဆုံဆွေးနွေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira က အမှတ်တရလက်ဆောင် ပေးအပ်စဉ်

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်  အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment