Pages

Wednesday, April 27, 2016

ချိုင်းချွေးနံ့ဆိုးခြင်း အတွက် လွယ်ကူမြန်ဆန် အိမ်တွင်းဆေးနည်းများ



( ပေါက်ပေါက်)

ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီမှာ ချိုင်းချွေး အထွက်များကြ ပါတယ်။ ချိုင်းချွေးနံ့ ဆိုးခြင်းက မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေ သလို ဘေးပတ်ဝန်းကျင် ကိုလည်း ကြီးစွာသော စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ 

ချိုင်းချွေးနံ့ ဆိုးခြင်းရဲ့ အဓိက အကြောင်းရင်းက တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်းနှင့် မျိုးရိုးဗီဇ ဆိုင်ရာ အချက်အလက် တွေကြောင့် ဖြစ်ရတာပါ။

တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်း ဆိုတာ နေ့စဉ် ရေမှန်မှန် မချိုးခြင်း၊ ရေချိုးသော်လည်း ချိုင်းကို သန့်စင်အောင် ဆပ်ပြာများများ၊ ရေများများဖြင့် စနစ်တကျ ဆေးကြောမှု မရှိခြင်း၊ ရေချိုးပြီးတဲ့ အခါ အဝတ်ဟောင်း များကို ပြန်လည် ဝတ်ဆင်ခြင်း၊ ချိုင်းမွေး မနုတ်ခြင်း စသည် တို့ကြောင့် ချိုင်းချွေးနံ့ နံလာရပါတယ်။

မျိုးရိုးဗီဇဆိုင်ရာ အချက်အလက် ဆိုတာက လူအားလုံးမှာ Accrine ဂလင်းနှင့် Apocrine ဂလင်းဆိုပြီး ချွေးဂလင်း နှစ်မျိုးစီ ပါရှိကြပြီး ချွေးဂလင်း စုစုပေါင်းဟာ ပျမ်းမျှ နှစ်သန်းကျော်မှ လေးသန်း ဝန်းကျင်အထိ ရှိကြပါတယ်။ 

Apocrine ဂလင်းကတော့ ချိုင်းနဲ့ ပေါင်ခြံတွေ ကြားမှာရှိပြီး ယင်းချွေး အဆီကို ခန္ဓာကိုယ်ပေါ်ရှိ ဗက်တီးရီးယား များက နှစ်ခြိုက်စွာ စားသုံးကြတာမို့ ထို ပက်တီးရီးယား တွေရဲ့ စွန့်ပစ် အညစ်အကြေး တွေရဲ့ စွန့်ပစ် အညစ်အကြေး တွေဟာ ချိုင်းချွေးအဆီ နဲ့ ပေါင်းစပ်ပြီး ချိုင်းနံ့ဆိုးတွေ  ထွက်ပေါ်လာ ပါတော့တယ်။ 

ပို၍ ချိုင်းကို ဆပ်ပြာဖြင့် ဆေးကြောသန့်စင် ပေးသင့်ပါတယ်။ နေ့လယ်မှာ လန်းဆန်းတာဝါ (ခေါ်) အမွှေးနံ့ ပါသော အဝတ်ကို ရေအနည်းငယ် ဆွတ်၍ ချိုင်းကို ပွတ်တိုက် သန့်စင်ပေးပါ။ ခရမ်းချဉ်သီး ရဲ့ ပင်စည်ထဲမှာ ချိုင်းချွေးနံ့နဲ့ ဆင်တူတဲ့ Terpenes (ခေါ်) အဆီတစ်မျိုး ပါဝင်ပါတယ်။ အဲဒီအဆီမှာ ပါဝင်တဲ့အနံ့ ကို ခရမ်းချဉ်သီး ထဲကို ဝင်မလာအောင် ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အင်ဇိုင်း ဖြစ်တဲ့ လူကိုပင်း (Lycopene) က တားဆီးပေးနိုင် ပါတယ်။ ခရမ်းချဉ်သီးကို စားသုံးခြင်းဖြင့် ချိုင်းချွေးနံ့ကို ကာကွယ်နိုင်မှာ ပါလို့ ဗြိတိန်လူမျိုး သမားတော် Dr.Charles Stewart က ပြောတယ်။

ရေချိုးပြီးတဲ့ အခါ ရေစိုနေတဲ့ ချိုင်းသားကို ကျောက်ချဉ်ဖြင့် ပွတ်တိုက်ပေးပါ။ ကျောက်ချဉ်များကို ပရဆေးဆိုင် တွေမှာ အလွယ်တကူ ဝယ်ယူရရှိ နိုင်ပါတယ်။ အလှကုန် ဈေးကွက်ထဲမှာ တံဆိပ်စုံ၊ အမျိုးအစားစုံ ချိုင်းချွေးနံ့ ပျောက်ဆေး တောင့်တွေ တစ်ပုံကြီး ရှိပေမယ့် ကျောက်ချဉ်နဲ့ လုပ်ထားတဲ့ ချွေးနံ့ ပျောက်ဆေးတောင့် ကိုသာ ရွေးချယ်ပါ။ သူက ချွေးနံ့ ပျောက်စေရုံ သာမက ချိုင်းသား ဖြူစေပြီး ဆေးတောင့် သုံးခြင်းအတွက် ဓာတ်မတည့်မှာ၊ ရင်သားကင်ဆာ ဖြစ်စေမှာ တွေကိုလည်း တွေးမပူ ရတော့ပါဘူး။ (ချွေးနံ့ပျောက် အမွှေးတောင့် တွေ သုံးတဲ့အခါ ချိုင်းနေရာ တည့်တည့် ကိုသာ သုတ်လိမ်းပေးပါ။ ချိုင်းအောက်ဘက် ရင်သားနဲ့ နီးတဲ့နေရာ တွေကို မလိမ်းပါနှင့်)

ပုလင်းသန့်သန့် တစ်လုံးထဲမှာ ထုံးအနည်းငယ် ထည့်၍ ရေဖြည့်ထားပါ။ ရေချိုးပြီးတိုင်း ယင်း ထုံးရေကြည် နဲ့ ချိုင်းကို လိမ်းပေးပါ။ ထုံးအနှစ် များကို မလိမ်းပါနဲ့။ ချိုင်းချွေးနံ့ နံခြင်းနဲ့ ချိုင်းသား မည်းညစ်ခြင်း အတွက် သံပရာရည် ညှစ်ပြီးသား အခွံနဲ့ ချိုင်းသားကို ဖိတိုက်ပေးပါ ဒါမှမဟုတ် သံပရာရည် လိမ်းပါ။

ချိုင်းအနံ့ဆိုး များကို ပျောက်စေဖို့ စပါးလင် အဆီကို ရေရောပြီး အသုံးပြု နိုင်ပါတယ်။ အဝတ်အထည် များကို ကြေးညှော်နံ့ ကင်းစင်အောင် လျှော်ဖွပ်ပေးပါ။ ကိုယ်နံ့ဆိုးတဲ့ သူတွေရဲ့ အဝတ်အထည် များနဲ့ အတူတကွ ရောပြီး မလျှော်ဖွပ် ပါနှင့်။ မိမိကိုယ်ပိုင် သီးသန့် အဝတ်အထည် ကိုသာ ဝတ်ဆင်ပါ။ အထူးသဖြင့် ကိုယ်နံ့ပြင်းတဲ့ သူတွေရဲ့ အဝတ်အထည် များ ငှားရမ်း လဲလှယ် ဝတ်ဆင်ခြင်း မျိုးကို ရှောင်ပါ။ ကြက်သွန်အဖြူ နှင့် ကြက်သွန်အနီ ထဲမှာပါရှိတဲ့ ဆာလဖာ ဓာတ်ပေါင်း က ချွေးနံ့ကို ပိုဆိုးစေနိုင် ပါတယ်။

ပူအိုက်တဲ့ ရာသီမှာ ချွေးပိုထွက် တတ်တာကြောင့် အနံ့ပိုဆိုး နိုင်လို့ လေဝင်လေထွက် ကောင်းပြီး ပေါ့ပါး အေးမြတဲ့ အဝတ်အထည် တွေကို ရွေးချယ် ဝတ်ဆင်ပါ။ ဗက်တီးရီးယား ပိုးမွှား သေစေတဲ့ ဆပ်ပြာပြင်းပြင်း ဖြင့် ကိုယ်တိုက် သန့်စင်ပါ။ 

ချိုင်းချွေးအဆီ များကို စားသောက်၍ ရနံ့ဆိုး ဖြစ်ပေါ်စေတဲ့ ဗက်တီးရီးယား ပိုးမွှားများ အတွက် Hydrogen Peroxide က အကောင်းဆုံး ပိုးမွှား သန့်စင်ဆေး ဖြစ်ပါတယ်။ ဒါကြောင့် Hydrogen Peroxide ဆေးရည် နှစ်စက်ခန့်ကို ရေသန့် ခုနစ်ဇွန်းဖြင့် ရော၍ ချိုင်းကို သုတ်လိမ်း ပေးပါ။ (အသားအရေ ထိခိုက်လွယ်သူ များဖြစ်ပါက ယင်း Hydrogen Peroxide ဆေးရည် အပြင်းစားကို ချင့်ချိန်၍ သုံးစွဲပါ)

အရက်၊ ပန်းသီး ရှလကာရည် ဒါမှမဟုတ် ဟင်းချက် ရှလကာရည် တို့ကိုလည်း သင့်တော်သလို ရောပြီး ချိုင်းကို ဆေးကြော သန့်စင်ပေး နိုင်ပါတယ်။ ဆေးလိပ်တစ်လိပ် ထဲမှာ ဓာတု ဒြပ်ပေါင်းစု အမျိုးပေါင်း ၇ဝဝဝ ကျော်ပါရှိပြီး အကျိုးဆက် အဖြစ် ချွေးနံ့နံခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးလိပ် သောက်ခြင်းကို ရှောင်ကြဉ်သင့် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment