Pages

Tuesday, April 26, 2016

သတင်းစာပညာသင်တန်း အမှတ်စဉ် (၂/၂၀၁၆) ဖွင့်လှစ်



နေပြည်တော် ၊ ၂၆-၄-၂၀၁၆

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏ စီစဉ် ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော သတင်းစာပညာ သင်တန်း အမှတ်စဉ် (၂/၂ဝ၁၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မြဝတီစာပေတိုက် ခန်းမ၌ ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး မှ ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ခင်မောင်ချို၊ မြဝတီ သတင်းစာတိုက် စာတည်းမှူးချုပ် နှင့် တာဝန်ရှိသူများ၊ သတင်းစာ ပညာရှင်များ၊ နည်းပြများ တက်ရောက် ကြသည်။

''ယနေ့ သတင်းသည် မနက်ဖြန်အတွက် သမိုင်း'' ဆိုသည့်အတိုင်း ပြောင်းလဲလာသော ခေတ်နှင့်အညီ လိုအပ်ချက် ဖြစ်လာသည့် သတင်းမှန် ရရှိရေးနှင့် ပြည်သူများထံ မှန်ကန် တိကျသော သတင်းများ အချိန်နှင့် တစ်ပြေးညီ ရောက်ရှိစေရန် အတွက် အဆိုပါ သတင်းစာ ပညာသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပြီး သတင်းစာ ပညာရှင်များ၊ နည်းပြများဖြင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၅ ဦး သင်ကြားသွားမည် ဖြစ်ကြောင်း၊ သင်တန်းတွင် သတင်းထောက်များ လိုက်နာရန် မီဒီယာ ကျင့်ဝတ်များ၊ သတင်း ရေးသားခြင်း၊ သတင်းလိုက်ခြင်း၊ အင်တာဗျူးမေးခြင်း နှင့်ရေးသားခြင်း၊ Quotation အချက်အလက်နှင့် ထင်မြင်ချက်၊ သတင်းခေါင်းစဉ် တပ်ခြင်း၊ သတင်း တည်းဖြတ်ခြင်း၊ သတင်းဓာတ်ပုံ ပညာ စသည့် သင်ခန်းစာများကို ရက်သတ္တ နှစ်ပတ်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment