Pages

Tuesday, April 26, 2016

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအဖြစ် ရွေးချယ်ခံရသော ကျောင်းများ စမ်းသပ်ကာလအဖြစ် တစ်နှစ်လုပ်ကိုင်ခွင့်လိုင်စင် ချထားပေးမည်



ရန်ကုန် ၊ ၂၆-၄-၂၀၁၆

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း အဖြစ် ရွေးချယ်ခံရသော ကျောင်းများ အနေဖြင့် စမ်းသပ်ကာလ အဖြစ် တစ်နှစ် လုပ်ကိုင်ခွင့် လိုင်စင်များကိုသာ ချထားပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏
ပြောကြားချက် အရ သိရသည်။

အဆိုပါ ပုဂ္ဂလိက ကျောင်းများအဖြစ် လျှောက်ထားမှုသည် ယခုနှစ်များ အတွင်း များပြားလာသည့် အတွက် သတ်မှတ် စည်း ကမ်းများ၊ စံချိန်စံနှုန်းများဖြင့် ကိုက်ညီမှုရှိသော ကိုယ်ပိုင်ကျောင်း များကိုသာ ရွေးချယ် ပေးသွားမည် ဖြစ်ကြောင်း၊ လာရောက် လျှောက်ထားသော ကျောင်းပေါင်း ၁ဝဝ ကျော်ရှိနေပြီး အရည်အသွေး ပြည့်မီသော ကိုယ်ပိုင်ကျောင်း များကို ကျောင်းဖွင့်ချိန် မတိုင်မီ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်လိုသူ များကို ဇန်နဝါရီလ အတွင်းက သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး ရုံးများတွင် သတ်မှတ်ချက်နှင့် အညီ လျှောက်ထားခွင့်ပြု ထားပြီးဖြစ်ရာ ရွေးချယ်မှု များအား ဆောင်ရွက်နေပြီး မကြာမီ ထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment