Pages

Friday, April 29, 2016

နေ့ချင်းပြန် ခရီးသွားလာမှု များလာသည့် ကျုံထော်သဘာဝရေတံခွန်



လှိုင်းဘွဲ့ ၊ ၂၉-၄-၂၀၁၆

ယခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန် မြင့်မားမှုများ ဖြစ်ပေါ်နေပြီး ပြည်သူများ အနေဖြင့် ဧပြီလဆန်းပိုင်း မှစ၍ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသ အတွင်းရှိ ကျုံထော် သဘာဝ ရေတံခွန်သို့ နေ့ချင်းပြန် ခရီး သွားရောက် အပန်းဖြေမှု များလာကြောင်း ရန်ကုန်မြို့ရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

''ဧပြီ လဆန်းပိုင်းက စပြီး ကျုံထော် သဘာဝ ရေတံခွန်ကို နေ့စဉ် ခရီးသွား ဦးရေ ၄ဝဝ နဲ့ ၅ဝဝ ကြား လာရောက် အပန်းဖြေ ကြတယ်။ သင်္ကြန် ကာလမှာ ဆိုရင် တစ်ရက်ကို ခရီးသွားဦးရေ ထောင်နဲ့ချီပြီး လာရောက် ကြတာ တွေ့ရပါတယ်။ ဧပြီ လဆန်းပိုင်း ကစပြီး အခုချိန်အထိ ခရီးသွား လာရောက်တဲ့ နှုန်းက အနည်းဆုံး ဦးရေ ၅ဝဝ အထက်မှာ ရှိတယ်'' ဟု ရန်ကုန်မြို့ရှိ ခရီးသွား အေဂျင်စီ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ မန်နေဂျာ ကိုဇော်ဦး က ပြောသည်။

အနယ်နယ် အရပ်ရပ်မှ လာရောက်သည့် ခရီးသွားများမှာ ကျုံထော် သဘာဝရေတံခွန် ၌ ရေကူးခြင်း၊ ရေဆော့ ကစားခြင်းနှင့် ဓာတ်ပုံရိုက်ခြင်း စသည့် အပန်းဖြေမှုများ ပြုလုပ်ကြကြောင်း သိရသည်။ အဆိုပါ ရေတံခွန် အနီး၌ ရောင်းချသည့် စားသောက်ဆိုင် များမှာ သတ်သက်လွတ် စားသောက်ကုန် များကိုသာ ရောင်းချ ရကြောင်း သိရသည်။

ကျုံထော် သဘာဝ ရေတံခွန်မှာ သဘာဝအတိုင်း လှပနေခြင်း ကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ လည်း နေ့စဉ် လာရောက် အပန်းဖြေ ကြကြောင်း သိရသည်။

ကျုံထော် သဘာဝရေတံခွန် ကို ရန်ကုန်မြို့ရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများမှ ခရီးသွားများအား နေ့ချင်းပြန် ခရီးစဉ်အဖြစ် တစ်ဦးလျှင် ငွေကျပ် ၃၅ဝဝဝ နှုန်းဖြင့် ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment