Pages

Wednesday, April 27, 2016

က၀မြို့နယ်ရှိ မြောက်ကျောင်းတော်ကြီး စာသင်တိုက်ကို ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာဇုန်အဖြစ် သတ်မှတ်ရန်စီစဉ်


 မြောက်ကျောင်းတော်ကြီး စာသင်တိုက်

က၀ ၊ ၂၇-၄-၂၀၁၆

ပဲခူးတိုင်း ဒေသကြီး ကဝမြို့နယ် နိဗ္ဗာန်ရွာရှိ နှစ်ပေါင်း ၂ဝဝ ကျော် သက်တမ်းရှိသော မြောက်ကျောင်း တော်ကြီး စာသင်တိုက်ကို ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာဇုန် အဖြစ် သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မြောက်ကျောင်း တော်ကြီး စာသင်တိုက်ကို ကျောင်းထိုင် ဆရာတော် ဦးဥတ္တမက စတင်ဆောက်လုပ် ခဲ့ပြီး နှစ်ကာလကြာမြင့် လာသည်နှင့် အမျှ ကျောင်းဆောင် ကြီးသည် တဖြည်းဖြည်း ပျက်စီး ယိုယွင်းလာခြင်း ကြောင့် ၁၉၂ဝ ပြည့်နှစ်တွင် လယ်တီ ဆရာတော်၏ တပည့်ရင်း ဖြစ်သော ဆရာတော် ဦးဇာနေယျ ဦးဆောင်ကာ နှစ်ထပ် ကျောင်းဆောင်ကြီး အဖြစ် ပြောင်းလဲ ဆောက်လုပ်ခဲ့သည်။

ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန သည် နှစ် ၁ဝဝ အထက် သက်တမ်းရှိသော အဆောက်အအုံ များကို ရှေးဟောင်း အဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေဖြင့် ကာကွယ် စောင့်ရှောက်မှု ပေးထား သောကြောင့် မြောက်ကျောင်းတော် ကြီးစာသင်တိုက် သည်လည်း ရှေးဟောင်း သုတေသန ဦးစီးဌာန၏ ကာကွယ် စောင့်ရှောက်မှု အောက်တွင်ရှိသည်။ လက်ရှိတွင် ထို ကျောင်းတော်ကြီးကို ရှေးဟောင်း အထိမ်းအမှတ် တည်ရှိရာဇုန် အဖြစ် သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ကျွန်းတိုင်လုံးပေါင်း ၁၂ဝ ကျော်ဖြင့် တည်ဆောက် ထားသော အဆိုပါ နှစ်ထပ် ကျောင်းတော်ကြီးရှိ အပေါ်ထပ် နံရံများ၌ မြန်မာ့ဗုဒ္ဓဝင် ဇာတ်တော်ကြီး များကို ပန်းကနုတ် ဖော်ထားသည့် အပြင် တခြားသော မြန်မာ့ရှေးဟောင်း လက်ရာများစွာ ကိုလည်း တန်ဆာဆင် ထားသည်။

အဆိုပါ ကျောင်းတော်ကြီး သည် မြန်မာ့ ရှေးဟောင်း အနုပညာလက်ရာ များစွာကို မြင်တွေ့နိုင်သော ရှေးဟောင်း သမိုင်းဝင် ဘုန်းကြီးကျောင်း ဖြစ်သော်လည်း လာရောက် လေ့လာသူ နည်းပါး နေသေးကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment