Pages

Monday, March 7, 2016

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံချိတ်ဆက်သော အာရှလမ်းမကြီး ကွန်ရက်အတွင်း ပါဝင်သည့် မြို့များဖွံ့ဖြိုး တိုးတက်မှု ပိုမိုမြန်ဆန်လာမည်



ရန်ကုန် ၊ ၇-၃-၂၀၁၆

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက် ထားသော အာရှလမ်းမကြီး ကွန်ရက်အတွင်း ပါဝင်သည့် မြို့များ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန် လာနိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးရွာနှင့် မြို့ပြများ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာနိုင်သော မြို့ကြီးများ မှာ နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး၊ ကျောက်ဆည်၊ သထုံ၊ ညောင်ဦး၊ ဂန့်ဂေါ၊ ကလေး၊ မုံရွာ၊ ထားဝယ်၊ မိတ္ထီလာ၊ ပဲခူး၊ တောင်ငူ၊ ဘားအံ၊ မြဝတီ၊ တောင်ကြီး၊ မူဆယ်၊ ကျောက်မဲ၊ လားရှိုး၊ မကွေး၊ ပခုက္ကူ၊ ကျိုင်းတုံ၊ တာချီလိတ်၊ ပြင်ဦးလွင် နှင့် မြစ်ကြီးနား စသည့်မြို့များ ဖြစ်သည်။ မြို့များဖွံ့ဖြိုး တိုးတက်မှုတွင် လမ်းပန်း ဆက်သွယ်ရေးမှာ အဓိကကျသည့် အတွက် မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်းနိုင်ငံ များနှင့် ချိတ်ဆက် နိုင်သော ကွန်ရက်လမ်းမ ကြီးများအား ဖောက်လုပ် နေခြင်း ဖြစ်သည်။

ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာ အရ မြို့ကြီးများ အပြင် Secondary City များ တိုးတက်လာအောင် လုပ်ဆောင်ရန် လိုအပ်ပြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့၌ ၄င်းတို့အား ဖော်ဆောင် ထားသည်ကို တွေ့ရှိရသည်။

ယခု ဆက်ကြောင်း လမ်းမများ၌ ပါဝင်မည့်မြို့ များ၌ အုပ်ချုပ်သူများ အနေဖြင့် စနစ်တကျ အရည်အချင်း ရှိစွာ စီမံခန့်ခွဲနိုင်ပါက ဖွံ့ဖြိုး တိုးတက်မှု ပိုမိုမြန်ဆန် စေမည်ဖြစ်သည်။ မြန်မာနိုင်ငံကို ဖြတ်သန်း ဖောက်လုပ်မည့် အာရှလမ်းမကြီးများ ကွန်ရက်နှင့် အာဆီယံ ဒေသတွင်း ချိတ်ဆက်ကွန်ရက် လမ်းမများကြောင့် မြို့ပေါင်း ၂ဝ ကျော်သည် အချိန်တိုအတွင်း ဖွံ့ဖြိုး လာနိုင်ကြောင်း သိရသည်။

ယခုနှစ်အတွင်း စတင်တော့မည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အာရှလမ်း ကွန်ရက်အတွင်း ပါဝင်သည့် မြို့များ၌ လည်းကောင်း၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ- တရုတ် လေးနိုင်ငံ ချိတ်ဆက်မည့် လမ်းမကြီး တစ်လျှောက် မြို့များ၌ လည်းကောင်း၊ အိန္ဒိယ-မြန်မာ- တရုတ် သုံးနိုင်ငံ ချိတ်ဆက်မည့် လမ်းမတစ်လျှောက် ရှိ မြို့များ၌ လည်းကောင်း၊ တရုတ်နိုင်ငံမှ စတင် ဖောက်လုပ်မည့် မြန်မာနိုင်ငံ အပါအဝင် အာဆီယံ လမ်းမကြီးများ ကွ န်ရက် နှင့် အာရှလမ်းမကြီး များကွန်ရက် တို့ကြောင့် လည်းကောင်း ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန် လာမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment