Pages

Monday, March 7, 2016

ရန်ကုန်မြို့တွင်းရှိ နေရာငါးနေရာတွင် အထပ် ၂၀ ကျော်အဆောက်အအုံ လေးလုံးနှင့် ၁၉ ထပ် အဆောက်အအုံတစ်လုံး တို့ကို မူအားဖြင့် ဆောက်လုပ်ခွင့်ပေး



ရန်ကုန် ၊ ၇-၃-၂၀၁၆

ယမန်နှစ် ဒီဇင်ဘာလမှ ယခုနှစ် မတ်လအထိ ရန်ကုန်မြို့တွင်းရှိ နေရာ ငါးနေရာတွင် အထပ် ၂ဝ ကျော် အဆောက်အအုံ လေးလုံးနှင့် ၁၉ ထပ် အဆောက်အအုံ တစ်လုံးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ က မူအားဖြင့် ဆောက်လုပ်ခွင့် ပေးလိုက်သည် ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ မူအားဖြင့် ဆောက်လုပ်ခွင့် ပေးရာတွင် ရန်ကုန်မြို့ ၇ မိုင်ခွဲ၌ အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း နေရာတွင် ၂၃ ထပ် အဆောက်အအုံ၊ သံသုမာလမ်း နှင့် ဝေဇယန္တာ လမ်းထောင့်တွင် အထပ်မြင့် အဆောက်အအုံ၊ အလုံမြို့နယ် အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ကမ်းနားလမ်းသစ် တွင် အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊ မင်္ဂလာတောင်ညွန့် မြို့နယ် အထက် ပန်းဆိုးတန်းလမ်း တွင် အထပ်မြင့် ၁၉ ထပ် အဆောက်အအုံ တို့ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။ 

အဆိုပါ အဆောက်အအုံများ ဆောက်လုပ်ခွင့် နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး တွင် အတည်ပြု ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆောက်လုပ်ခွင့် တင်ပြထားသည့် အထပ်မြင့် အဆောက်အအုံ များစွာ ရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်း အဆောက်အအုံ များတွင် ရွှေသံလွင် ကုမ္ပဏီက သံသုမာလမ်း နှင့် ဝေဇယန္တာလမ်း ထောင့်ရှိ အဆောက်အအုံ ကို ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေ က မြေပိုင်ရှင်အဖြစ် ဆုထူးပန် ရုပ်ရှင်ရုံ ဟောင်း မြေနေရာတွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment