Pages

Friday, March 4, 2016

ကင်းထောက်လူငယ်များ စခန်းချတွေ့ဆုံပွဲ (ပုပ္ပားစခန်း) မှ ကင်းထောက်လူငယ်များ ပုပ္ပားတောင်မကြီး နှင့် ပုပ္ပားတောင်ကလပ် များလေ့လာ



နေပြည်တော် ၊ ၄-၃-၂၀၁၆

ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဇော်မင်းအောင် သည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာ အထက်တန်းကျောင်း (ပုပ္ပား)တွင် ဖွင့်လှစ်ထားသည့် ကင်းထောက် လူငယ်များ စခန်းချ တွေ့ဆုံပွဲ(ပုပ္ပားစခန်း) သို့ ယမန်နေ့ နေ့လယ်ပိုင်းက ရောက်ရှိပြီး ကင်းထောက် လူငယ်များအား တွေ့ဆုံ အားပေးစကား ပြောကြားကာ စခန်းချကာလ အတွင်း လိုအပ်ချက် ရှိသည်များကို သက်ဆိုင်ရာ စခန်းတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ယမန်နေ့ နံနက်ပိုင်းတွင် ကင်းထောက် လူငယ်များသည် ကြီးကြပ် အုပ်ချုပ်သူဆရာ၊ ဆရာမများ လိုက်ပါပြီး ပုပ္ပား တောင်မကြီးနှင့် ပုပ္ပား တောင်ကလပ် တို့သို့ ခြေလျင် စခန်းချ လေ့လာရေး ခရီး ထွက်ခွာကြ သည်။ 

ထိုသို့ လေ့လာရေးခရီး ထွက်ခွာရာတွင် အမျိုးသား ကင်းထောက်အဖွဲ့ အင်အား ၂၇၁ ဦးသည် ပုပ္ပား တောင်မကြီး ပေါ်ရှိ ထူပါရုံစေတီကို ဖူးမြော်ကြည်ညို ကြပြီး ကင်းထောက် စခန်းချပညာ များကို ကင်းထောက်ကြီး များက သင်ကြားပေး ကြသည်။

အလားတူ အမျိုးသမီး ကင်းထောက် အဖွဲ့အင်အား ၂၄၉ ဦးသည် ပုပ္ပားတောင် ကလပ်ပေါ်ရှိ စေတီပုထိုးများကို ဖူးမြော်ကြပြီးနောက် ကင်းထောက် လုပ်ငန်းများကို လေ့လာ သင်ကြားသည်။ ညပိုင်းတွင် ကင်းထောက် လူငယ်မောင်မယ် များသည် တိုင်းရင်းသား စည်းလုံး  ညီညွတ်ရေးကို ရည်ရွယ်၍ မိမိတို့နေထိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဒေသထွက်ကုန် များကို အမှတ်တရ လဲလှယ်ကြကြောင်း သိရှိရသည်။

ကိုလတ်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment