Pages

Friday, March 4, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Kim Sok Chol အား လက်ခံ တွေ့ဆုံစဉ်

နေပြည်တော် ၊ ၄-၃-၂၀၁၆

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Kim Sok Chol အား ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များနှင့် ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု တို့တွင် တပ်မတော်မှ ပူးပေါင်း ပါဝင်ဆောင်ရွက် နေမှု အခြေအနေများ၊ နှစ်နိုင်ငံ အကြား ဆက်ဆံရေး အခြေအနေများ၊ ကိုရီးယား ကျွန်းဆွယ် လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး ဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး တို့ တက်ရောက်ကြပြီး သံအမတ်ကြီး Mr.Kim Sok Chol နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment