Pages

Friday, March 4, 2016

အခြေခံပညာကို ပြီးဆုံးအောင် ဆက်လက်မသင်ယူနိုင် သူများအတွက် စက်မှုလက်မှုကျောင်း များနှင့် စက်မှုလက်မှုသိပ္ပံများ ပြန်လည်ဖွင့်လှစ်ရေး စီစဉ်


ရန်ကုန် ၊ ၄-၃-၂၀၁၆

ပညာရေး ဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကို ပြီးဆုံးအောင် ဆက်လက် မသင်ယူ နိုင်သူများအတွက် အသက်မွေး ဝမ်းကျောင်း ပညာများကို သင်ကြားပေး နိုင်ရေးအတွက် စက်မှုလက်မှု ကျောင်းများနှင့် စက်မှုလက်မှု သိပံ္ပများကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန က သိရသည်။

ကနဦး ဆောင်ရွက်နိုင်ရန် စက်မှုလက်မှု သိပ္ပံ (GTI) အင်းစိန်ကို Polytechnic Institute အဖြစ် ဖွင့်လှစ်နိုင်ရေး အတွက် ပင်မဆောင်ကို ပြုပြင် ထိန်းသိမ်းမည် ဖြစ်သည်။

ယင်းကျောင်းကို ပြုပြင်ပြီးပါက ပင်မ အဆောက်အအုံ တွင် လှိုင်သာယာ မြို့နယ်၌ ဖွင့်လှစ်ထားသည့် AGTI ကျောင်းမှ EP နှင့် EC ဘာသာရပ် နှစ်ခုကို ပြောင်းလဲ တက်ရောက် စေမည်ဖြစ်ပြီး ကျန်ရှိမည့် အခန်းများ ကို AGTI Society အသင်းမှ သက်မွေးပညာ ဘာသာရပ် များကို ဖွင့်လှစ်ရန် သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက်မွေး သင်တန်းများ အဖြစ် ရုံးလုပ်ငန်း အတတ်ပညာ သင်တန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ သင်တန်းများ၊ တခြား အသက်မွေး ဆိုင်ရာ သင်တန်းများ စသည်ဖြင့် ပုံမှန်သင်တန်း များအပြင် ကျွမ်းကျင်မှု ဆိုင်ရာ စံနှုန်းအဆင့်ဆင့် နှင့်အညီ ကာလတို သင်တန်းများ၊ ကာလရှည် သင်တန်းများ ကိုပါ ဖွင့်လှစ် ဆောင်ရွက်သွားရန် လျာထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ထိုသို့ အသက်မွေး ဝမ်းကျောင်း ပညာရပ် များကို သင်ကြားရာတွင် အင်ဂျင်နီယာ နည်းပညာ ဘာသာရပ် များကို အာဆီယံ တွင် သတ်မှတ် ထားသည့် အဆင့်နှင့် ကိုက်ညီစေရန် Polytechnic Institute ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment