Pages

Tuesday, March 8, 2016

သုဓမ္မာပရိယတ္တိ စာပြန်ပွဲတော်ကြီးတွင် ၀င်ရောက်ဖြေဆိုကြသော သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် ၊ ၈-၃-၂၀၁၆

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်လုံး ဆိုင်ရာ (၄၇) ကြိမ်မြောက် သုဓမ္မာ ပရိယတ္တိ စာပြန်ပွဲတော် ကြီးတွင် ဝင်ရောက်ဖြေဆို ကြသော စာဖြေ သံဃာတော် များအား ယမန်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့၊ မြစည်းခုံ ပရိယတ္တိ စာသင်တိုက်၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်ကျော် နှင့် တာဝန်ရှိသူများ တက်ရောက်၍ သံဃာတော် များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့ပြင် သုဓမ္မာ ပရိယတ္တိ စာပြန်ပွဲတော်ကြီး တွင် ကြွရောက် တော်မူကြသော သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာစစ် ဆရာတော် များနှင့် စာဖြေ သံဃာတော်များ စုစုပေါင်း သံဃာတော် ၈ဝဝ တို့အား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး ဆိုင်ရာ စစ်ဆေးပေးခြင်းနှင့် သာမန်ဖျားနာမှု ဆိုင်ရာ ရောဂါများအား ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment