Pages

Tuesday, March 8, 2016

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) သို့ မြင်းကျားနှစ်ကောင် ရောက်ရှိ



နေပြည်တော် ၊ ၈-၃-၂၀၁၆

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီး ဌာနနှင့် ဂျပန်နိုင်ငံ Sappon Zoon တို့၏ နှစ်နိုင်ငံ တိရ စ္ဆာန်လဲလှယ်ရေး အစီအစဉ်တွင် Htoo Zoon and Gardens Business Unit တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် တတိယ အသုတ်အဖြစ် မတ် ၅ ရက် နံနက်ပိုင်းက တိရ စ္ဆာန်ဥယျာဉ် (နေပြည်တော်) သို့ မြင်းကျားအမ နှစ်ကောင် ရောက်ရှိခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) သို့ ရောက်ရှိလာသော မြင်းကျားအမ နှစ်ကောင်မှာ အာဖရိကတိုက် မျိုးရင်းများ ဖြစ်ပြီး ထိုင်းနိုင်ငံ မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး ရန်ကုန်မှ တစ်ဆင့် နေပြည်တော် သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တိရ စ္ဆာန်ဥယျာဉ် (နေပြည်တော်) အုပ်ချုပ်ရေးမှူး ဦးသန်းစိုးအေး က ပြောသည်။

တိရ စ္ဆာန်ဥယျာဉ် (နေပြည်တော်) ၌ မြင်းကျားအထီး လေးကောင်နှင့် အမတစ်ကောင် စုစုပေါင်း ငါးကောင် မွေးမြူပြသ ထားပြီး အသစ် ရောက်ရှိလာသော မြင်းကျားအမ နှစ်ကောင် အပါအဝင် စုစုပေါင်း ခုနစ်ကောင် တို့အား အများပြည်သူများ လေ့လာကြည့်ရှု နိုင်ရန် ထိန်းသိမ်း ကာကွယ် စောင့်ရှောက် မွေးမြူပြသ ထားကြောင်း သိရသည်။

ကျော်လွင်

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment