Pages

Tuesday, March 8, 2016

အိန္ဒိယ၌ လေယာဉ်တင်သင်္ဘောတစ်စင်း မီးလောင်



နယူးဒေလီ ၊ ၈-၃-၂၀၁၆

အိန္ဒိယနိုင်ငံ၌ INS Viraat လေယာဉ်တင် သင်္ဘောတစ်စင်း ရုတ်တရက် မီးလောင်မှု ဖြစ်ပွားခဲ့ရာ သင်္ဘော အမှုထမ်းတစ်ဦး သေဆုံးပြီး တခြားသုံးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။

ဖြစ်ပွားပုံမှာ အဆိုပါ လေယာဉ်တင် သင်္ဘောသည် မတ် ၆ ရက် မွန်းလွဲပိုင်းက ဂိုအာမြို့သို့ ဆိုက်ကပ်ရန် ကြိုးပမ်းနေစဉ် ရေနွေးငွေ့ ယိုစိမ့်မှု ဖြစ်ပွား ခဲ့ပြီးနောက် ဘွိုင်လာ အခန်းအတွင်း ရုတ်တရက် မီးလောင်ခဲ့ခြင်း ဖြစ်သည်။ 

ထို့နောက် တာဝန်ရှိသူများက အဆိုပါမီးကို အလျင်အမြန် ငြှိမ်းသတ်နိုင်ခဲ့ သော်လည်း သင်္ဘော အမှုထမ်း လေးဦးမှာ ဒဏ်ရာရရှိ ခဲ့ကြောင်း တာဝန်ရှိသူများက အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူ များအနက် စက်ပြင် အင်ဂျင်နီယာချုပ် အာရှုဆင်းသည် မီးငြှိမ်းသတ်စဉ် အတွင်း မီးခိုးငွေ့ များကို ရှူရှိုက်ခဲ့မှုကြောင့် နှလုံးရပ်တန့်၍ ဂိုအာမြို့ရှိ ဆေးရုံ၌ သေဆုံး ခဲ့ကြောင်းနှင့် တခြား သုံးဦးမှာ ဆေးကုသမှု ခံယူလျက်ရှိပြီး ၄င်းတို့၏ အခြေအနေမှာ စိုးရိမ်ဖွယ် မရှိကြောင်း တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၉)

No comments:

Post a Comment