Pages

Monday, March 21, 2016

တရုတ်နိုင်ငံရှိ ပြည်နယ်များတွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့် မှ အ၀ါရောင်အဆင့်သို့ လျော့ကျ



ပေကျင်း ၊ ၂၁-၃-၂၀၁၆

တရုတ်နိုင်ငံတွင် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ လေထု ညစ်ညမ်းမှု ပမာဏများ အနီရောင် အဆင့်သို့ မကြာခဏ ရောက်ရှိခဲ့သော အခြေအနေဖြင့် ရင်ဆိုင် ကြုံတွေ့ခဲ့ ရပြီးနောက် တာဝန်ရှိ သူများက ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုများ လျော့နည်း သွားစေရန် စီမံချက်များ ရေးဆွဲကာ စတင် အကောင် အထည်ဖော် လာခဲ့သည်။

ထိုသို့ အကောင် အထည်ဖော် လာခဲ့ပြီးနောက် တရုတ်နိုင်ငံ အတွင်း လေထု ညစ်ညမ်းမှု ပမာဏ အနီရောင် အဆင့်သို့ မကြာခဏ ရောက်ရှိနေသော ပြည်နယ်ကြီး များတွင် လေထု ညစ်ညမ်းမှု ပမာဏ အဝါရောင် အဆင့်သို့ လျော့ကျ သွားခဲ့ပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက မတ် ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

အထူးသဖြင့် ပေကျင်း မြို့တော်တွင် လေထု ညစ်ညမ်းမှု ပမာဏသည် အဝါရောင်အဆင့်သို့ ကျဆင်း သွားခဲ့သည်မှာ ကာလ အတန်ကြာ ခဲ့ပြီဖြစ်သည်။

ထို့ပြင် Hebei , Shandong , Henan နှင့် Shaanxi ပြည်နယ်တို့တွင် လေထု ညစ်ညမ်းမှုသည် အဝါရောင် အဆင့်သို့ လျော့ကျ သွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ အဝါရောင် အဆင့်မှာ လူသားများကို အန္တရာယ် မပြုသော လေထု ညစ်ညမ်းမှု စံနှုန်းအဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားသည်။

တရုတ် မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ တရုတ်နိုင်ငံ တောင်ပိုင်းဒေသ များတွင် လေထု ညစ်ညမ်းမှုများ သိသိသာသာ လျော့ကျ လာသည့်အပြင် မိုးများ ရွာသွန်းခဲ့ပြီး အပူချိန်များ သိသိသာသာ ကျဆင်းလာသည်။

လက်ရှိ တရုတ်ပြည် မြောက်ပိုင်း ဒေသများတွင် လေထု ညစ်ညမ်းမှု ပမာဏသည် အဝါရောင် အဆင့် ရောက်ရှိ နေသော်လည်း မိုးများရွာ သွန်း ခဲ့သော တောင်ပိုင်းတွင် စံသတ်မှတ်ချက်ဖြင့် ကိုက်ညီသော အနေအထား တွင် ရှိနေကြောင်း ထုတ်ပြန် ခဲ့သည်ဟု သိရသည်။

No comments:

Post a Comment