Pages

Monday, March 21, 2016

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် ကျေးရွာလူထုအခြေပြုခရီးသွားလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် သဘာဝအရင်းအမြစ်များ ပေါကြွယ်စွာတည်ရှိနေ


ဆင်ခေါင်းသဘာဝရေတံခွန်

ရွာငံ ၊ ၂၁-၃-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်သည့် ရွာငံမြို့နယ် အတွင်း၌ ကျေးရွာလူထု အခြေပြု အခြေခံခရီးသွား လုပ်ငန်းများ တိုးချဲ့လုပ်ဆောင် နိုင်မည့် အဖိုးတန် သဘာဝ အရင်းအမြစ် နေရာများစွာ ကျန်ရှိ နေသေးကြောင်း၊ ထို့ပြင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အတွက် သဘာဝ အရင်းအမြစ်များ မပျက်မယွင်း ရှိနေသည့် အပျိုစင်လမ်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတစ်ခု ဖြစ်သည့် ရွာငံမြို့နယ် အတွင်း၌ ကျေးရွာလူထု အခြေပြု အခြေခံ ခရီးသွား လုပ်ငန်းများ တိုးချဲ့လုပ်ဆောင် နိုင်မည့် အဖိုးတန် သဘာဝ အရင်းအမြစ် နေရာများစွာ ကျန်ရှိ နေသေးကြောင်း ၊ ထို့ပြင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် သဘာဝ အရင်းအမြစ်များ မပျက်မယွင်း ရှိနေသည့် အပျိုစင်လမ်းနှင့်အပျိုစင်ဒေသတည်ရှိရာ မြို့နယ်တစ်ခုအဖြစ် ယနေ့တိုင်တင်စားခေါ်ဝေါ်လျက်ရှိသည့် ရွာငံမြို့နယ်အတွင်းရှိ သဘာဝအရင်းအမြစ်များစွာကို ထိခိုက်ပျက်စီးမှုမရှိစေဘဲသက်ဆိုင်ရာမှစီမံကိန်းများ ချမှတ်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုမှာ အချိန်တိုကာလအတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

လက်ရှိ အထူးထင်ရှားလျက် ရှိသည့် ကျောက်ချောခေတ် ကျောက်ခေတ် လူသားများ နေထိုင်ခဲ့ရာ နှစ်ပေါင်း ၁၃၄ဝဝ ကျော် သက်တမ်းရှိ ပြဒါးလင်းဂူသို့ သားငှက်စခန်းတွင် ညအိပ်၍ သွားရောက် လည်ပတ်နိုင် သကဲ့သို့ သမိုင်းဝင် ရွှေဂူကြီးဘုရား၊ ရွှေပွင့်လင်းဘုရား တို့ကို ဖူးမျှော်၍ ရေဦးကျေးရွာ တွင်ညအိပ်ကာ ယနေ့ နာမည်ကြီး ကျောက်ကူတိ သဘာဝရေတံခွန်၊ ရေဦးကျေးရွာမှ သမိုင်းဝင် ကဇက် သိကြားဂူ၊ ကျောက်ငှက် ကျေးရွာ ရေဝင်ဂူ နှင့် ရိုးရာအိမ်များ ရှိရာ ဆင်ဆာပြား ကျေးရွာ၊ ထို့ပြင် ထမင်းပေါင်းနှင့် ကျန်တောကျေးရွာ နှစ်ရွာမှ တစ်ဆင့် ပြည်ပခရီးသွား တောင်တက် သမားများ အထူးစိတ်ဝင်စားသည့် အရှေ့မြင် အနောက်မြင်တောင်၊ ထိုမှတစ်ဆင့် မြိုင်ကျေးရွာရှိ ငုတ်ချောင်း၊ ဖြူချောင်ရွာရှိ သမိုင်းဝင် ဖြူချောင်ဂူ၊ ထိုမှတဆင့် သဘာဝ အလယ်ချောင် ရေတံခွန်နှင့် တောကျယ် မြသပိတ် ရေပြာအိုင်၊ မြင်းကျဒိုးမှ တစ်ဆင့် မင်းတိုင်ပင်ရွာ အနီးရှိ မိန်းမရဲ သခင်မတောင် နှင့် ဆင်ခေါင်း သဘာဝရေတံခွန်၊ ယကြီးရွာရှိ နာမည်ထင်ရှား နှီးဘုရားနှင့် သဘာဝ ပတ်ဝန်းကျင် အလှများ ပေါကြွယ်ရာ ပွေးပြတ်ရှုခင်း အစရှိသည့် သဘာဝအရင်းအမြစ် များရှိရာ နေရာ၂ဝ ခန့်သို့ ခြောက်ညအိပ် ခုနစ်ရက်ခရီးဖြင့် သွားရောက် လည်ပတ်နိုင်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်များသို့ သွားရောက်ရာ လမ်းတစ်လျှောက်တွင် ဒေသခံ ဓနုတိုင်းရင်းသား များ၏ သဘာဝနည်းဖြင့် နိုင်ငံတကာ အဆင့်မီကော်ဖီ နှင့် လက်ဖက်စိုက်ပျိုး ထုတ်လုပ်နည်း၊ ရိုးရာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ၊ ရိုးရာယဉ်ကျေးမှု များနှင့် လူနေမှုဘဝ ပုံစံများစွာကို တစ်ပါတည်း လေ့လာနိုင်မည့် အပြင် ကျေးရွာလူထု အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း (Community Based Toursim) များစွာကို တိုးချဲ့ ဆောင်ရွက်ပေးခြင်း အားဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် များထံမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိ လာမည့်အပြင် ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဒေသထွက် ရိုးရာလက်မှု ထုတ်ကုန်ပစ္စည်း များပါ ရောင်းဝယ်ဖောက်ကား ဖြစ်ထွန်း၍ လျင်မြန်စွာ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment