Pages

Monday, March 21, 2016

စစ်တောင်းမြစ်တွင် နွေဥတုရေနည်းပါးချိန်၌ ငါးဖမ်းဆီးရမိမှု လျော့နည်းကျဆင်း



ရေတာရှည် ၊ ၂၁-၃-၂၀၁၆

စစ်တောင်းမြစ် တွင် ယခု နွေဥတု ရေနည်းပါးချိန်၌ သမားရိုးကျ နည်းမဟုတ် သည့် ရှော့ခ်တိုက် ငါးဖမ်းဆီးခြင်း နှင့် ဓာတုဗေဒ ဆေးများချကာ ငါးဖမ်းဆီး ခြင်းများကြောင့် ငါးဖမ်းဆီး ရမိမှုမှာ တစ်နှစ်ထက် တစ်နှစ် လျော့ကျ လာကြောင်း ကိုယ်တိုင် ငါးဖမ်းဆီး သူများက ပြောပြသည်။

''အရင်က ကွန်ပစ်ထွက်ရင် ငါး အကောင်ကြီး တာတွေ ရတတ်တယ်။ အခုဆို အကောင်ကြီးတဲ့ ငါးဆို အရုပ်ရေးပြ ရမလို ဖြစ်ကုန် ပြီ။ ကျွန်တော်ဆို ဒီနေ့နေကုန် ကွန်ပစ်တာ ငါးနုပ်၊ ငါးဖွဲပဲ ရတယ်။ ရောင်းစားဖို့ မပြောနဲ့ ဟင်းစားတောင် အနိုင်နိုင်ပါ'' ဟု ငါးဘတ်အင်း ကျေးရွာ ဒေသခံ တစ်ဦးက ပြောပြသည်။

စစ်တောင်းမြစ် အတွင်း သားငါးကဏ္ဍ လျော့ကျ လာသည်မှာ ကာလရှည် လာပြီး ဖြစ်သည့် အတွက် တံငါလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် အခြားသော လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်ကာ ဝင်ငွေရှာဖွေ နေကြရကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

တရားမဝင် နည်းလမ်းများဖြင့် ငါးဖမ်းဆီးသူ များကို တောင်ငူခရိုင် ငါးလုပ်ငန်း ဦးစီးဌာနက ကွင်းဆင်း၍ ဖမ်းဆီးအရေးယူ ဆောင်ရွက် ခြင်းများ ရှိသော်လည်း အချိန်ပြည့် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် အခိုက်အတန့်သာ တားဆီးနိုင် သဖြင့် မြို့နယ်အလိုက် သားငါးကဏ္ဍ ထိန်းသိမ်းနိုင်ရန် အစုအဖွဲ့ များဖြင့် ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက် သင့်ကြောင်း အကြံပြု သုံးသပ်မှုများလည်း ရှိနေကြောင်း သိရသည်။

No comments:

Post a Comment