Pages

Friday, March 4, 2016

တာတမံကျိုးပေါက်မှုကြောင့် ရီယိုမြစ်ရေပျက်စီးမှုနှင့် သေဆုံးသွားခဲ့သော လုပ်သားများအတွက် မိုင်းတွင်းကုမ္ပဏီက လျော်ကြေးငွေ ပေးမည်



ဆမ်မာကို ၊ ၄-၃-၂၀၁၆

၂၀၁၅ ခုနှစ် နိုဝင်ဘာလက ဘရာဇီးနိုင်ငံ၏ အဓိက သတ္တု တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော ဆမ်မာကို ဒေသတွင် သတ္တု တူးဖော်ရေး လုပ်ငန်းများ ကြောင့် တာတမံ ကျိုးပေါက်ကာ ရီယိုမြစ်ရေ ပျက်စီးခဲ့ရပြီး၊ မိုင်းတွင်း လုပ်သားများလည်း အသက်ဆုံးရှုံးမှု များဖြင့် ရင်ဆိုင်ခဲ့ရသည်။ ဆမ်မာကို တာတမံ ကျိုးပေါက်မှုကြောင့် မိုင်းတွင်းမှ သတ္တု အညစ်အကြေး များ၊ ဓာတုပစ္စည်း များ ရီယိုမြစ်ရေ အတွင်းသို့စီးဝင်ကာ ရေထု ညစ်ညမ်းမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သည်။

ဘရာဇီး အစိုးရအဖွဲ့က အဆိုပါ ဖြစ်စဉ်တွင် အဓိက တာဝန်ရှိသော သတ္တုတွင်း ကုမ္မဏီများအား တရားစွဲဆို မှုများ ပြုလုပ်သွားခဲ့ရာ မတ်လ ၃ ရက်နေ့တွင် တရားရုံးက စီရင်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။ စီရင်ချက်အရ တရားစွဲ ခံထားရသော သတ္တု တူးဖော်ရေး ကုမ္ပဏီအနေဖြင့် ဆယ်စုနှစ် တစ်ခုလောက် အထိ လုပ်ဆောင်သွား ရမည့် ရီယိုမြစ်ရေ သန့်စင်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေး သွားရမည် ဖြစ်သည်။ 

ထို့အပြင် သေဆုံးသွား ခဲ့သော မိုင်းတွင်း လုပ်သားများနှင့် ရီယိုမြစ်ရေ အတွက် လျော်ကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ သန်းအထိ ပေးဆောင် သွားရမည် ဖြစ်သည်။ အဆိုပါ ဆမ်မာကို ဖြစ်စဉ်ကြောင့် ဘရာဇီးနိုင်ငံ ၏ သဘာဝ ပတ်ဝန်းကျင် သည်လည်း ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဘရာဇီးနိုင်ငံ သမိုင်းတွင် အဆိုးဝါး ဆုံးသော ဖြစ်စဉ်များစာရင်းတွင် မှတ်တမ်းဝင် သွားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့ ကလည်း ဆမ်မာကို မိုင်းတွင်းမှ တာဝန်ရှိသူ အမှုဆောင်ချုပ် (၆) ဦးကိုလည်း လူသေမှုဖြင့် ဖမ်းဆီးထိန်းသိမ်း မှုများ ပြုလုပ်သွား ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment