Pages

Friday, March 4, 2016

ကမ္ဘာ့ပထမဆုံး သက်ရှိကွန်ပျူတာကို စမ်းသပ်ထုတ်လုပ်


Scientists have developed the world’s first living, breathing supercomputer

တိုရွန်တို ၊ ၄-၃-၂၀၁၆

ကနေဒါနိုင်ငံ၊ မက်ဂီး တက္ကသိုလ်ရှိ နိုင်ငံတကာ သုတေသီိများက သက်ရှိသတ္တ၀ါများ ကဲ့သို့  ပရိုတိန်းကို အသုံးပြုကာ လည်ပတ်နိုင်မည့် စူပါကွန်ပျူတာ ကို ပထမဆုံး အကြိမ် အောင်မြင်စွာ ထုတ်လုပ် လိုက်ကြောင်း သိရသည်။ 

သမားရိုးကျ စူပါကွန်ပျူတာ တွေဟာ စိတ်ကူးနဲ့ မှန်းဆလို့တောင် မရနိုင် လောက်အောင် ကြီးကျယ်တဲ့ တွက်ချက်မှု တွေကို စက္ကန့် ပိုင်းအတွင်း ပြုလုပ်ပေး နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကုန်ကျစရိတ် ကြီးမားလွန်းလှပြီး လျှပ်စစ်ဓာတ်အား သုံးစွဲမှု များလွန်းသလို အပူချိန်လည်း မြင့်မားလှပြီး အရွယ်အစား အားဖြင့်လည်း သာမန် အိမ်တစ်လုံးထက် ကို အများကြီး ပိုကြီးပါတယ်။ဒီတော့ အီလက်ထရွန်နစ် ဆားကစ်တွေနဲ့ လည်ပတ်တာ မဟုတ်ဘဲ အော်ဂဲနစ် ဆားကစ်တွေနဲ့ လည်ပတ်ပြီး လျှပ်စစ်ဓာတ်အား မလိုအပ်ဘဲ ပရိုတိန်းကို အသုံးပြုပြီး လည်ပတ်နိုင်မယ့် ဇီဝကွန်ပျူတာ ကို ထုတ်လုပ်ဖို့  ကျွန်တော်တို့ အကြံရခဲ့ခြင်း ဖြစ်ပါတယ် ဟု ဦးဆောင် သုတေသီ တစ်ဦးဖြစ်သူ ဒန်နီကိုလောင် က ပြောပြသည်။

သုတေသီ များသည် အရွယ်အစား အားဖြင့် ၁ ဒသမ ၅ စတုရန်း စင်တီမီတာ ရှိသော ချပ်စ်ပြားကို တီထွင်ထားကြောင်း၊ ယင်း ချပ်စ်ပြားတွင် ပရိုတိန်းကို သယ်ဆောင်မည့် လမ်းကြောင်းများ ထည့်သွင်း ထားကြောင်း၊ အလွန် ရှုပ်ထွေးလှသော ဆားကစ် တစ်ခုလုံးကို အလွန် သေးငယ်သော ချပ်စ်ပြားထဲတွင် ထည့်သွင်း ထားခြင်း ဖြစ်ကြောင်း၊ ဇီဝဓာတုပစ္စည်း သယ်ဆောင် ပေးနိုင်သော ပရိုတိန်း အပိုင်းအစ များက အီလက်ထရွန် များနေရာကို ၀င်ရောက် နေရာယူခြင်း ဖြစ်ကြောင်း၊ ပရိုတိန်းများကို အဒယ်နိုစင်း ထရိုင်ပိုစဖိတ် ဖြင့် အားဖြည့်ပေးခြင်း ဖြစ်ကြောင်း၊ အဒယ်နိုစင်း ထရိုင်ပိုစဖိတ် သည် သက်ရှိ သတ္တ၀ါများ အားလုံး၏ ဆဲလ်များအတွင်း စွမ်းအင် ဖလှယ်ရာတွင် အဓိက ကျကြောင်း သိရသည်။

သက်ရှိ စူပါကွန်ပျူတာ ကို အမှန်တစ်ကယ် ထုတ်လုပ် နိုင်ရန်မှာ အချိန်များစွာ ယူရဦးမည် ဖြစ်ကြောင်း၊ သို့သော် ယခု သက်ရှိ ကွန်ပျူတာ ပုံစံငယ်ကိုမူ အောင်မြင်စွာ စမ်းသပ်နိုင် နေပြီဖြစ်ကြောင်း၊ လက်ရှိ တစ်ကိုယ်ရည်သုံး ကွန်ပျူတာ များကဲ့သို့  အသုံးပြုနိုင် နေပြီဖြစ်ကြောင်း၊ သင်္ချာ တွက်ချက်ခြင်း ကဲ့သို့ သော ကွန်ပျူတာ ပိုင်းဆိုင်ရာ ကဏ္ဍများကို အောင်မြင်စွာ ပြုလုပ်နိုင်နေပြီ ဖြစ်ကြောင်း သိရသည်။ 

တစ်ချိန်ချိန်မှာ လက်ရှိ အသုံးပြုနေတဲ့ ကွန်ပျူတာ တွေနဲ့  ဇီဝ ကွန်ပျူတာတွေနဲ့  ပေါင်းစပ် အသုံးပြုတဲ့ခေတ် ရောက်ရှိ လာပါလိမ့်မယ်။ အခုလက်ရှိ ထုတ်လုပ်ထားတဲ့ ဇီဝ ကွန်ပျူတာက ပြဿနာတွေ တစ်ခုထက် ပိုပြီး တစ်ပြိုင်နက် ဖြေရှင်း နိုင်တဲ့အဆင့် ကိုတော့ ရောက်နေပါပြီ။ အခုကျွန်တော်တို့  ဇီဝပစ္စည်း အမျိုးမျိုးနဲ့ စမ်းသပ် နေပါတယ်ဟု နီကိုလောင် က ဆက်လက် ပြောပြ၍ သိရသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment