Pages

Friday, March 4, 2016

ဆောင်းခိုငှက် ၀င်ရောက်ကျက်စားမှု စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်



ညောင်ရွှေ ၊ ၄-၃-၂၀၁၆

အင်းလေးဒေသ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ဆောင်းခိုငှက်များ ဝင်ရောက် ကျက်စားမှု အခြေအနေအား သိရှိနိုင်ရန် အတွက် ဆောင်းခိုငှက်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို စီမံချက်ချ ဆောင်ရွက်လျက် ရှိသည်။

ဆောင်းခိုငှက်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ တွင် ဆောင်းခိုငှက်များ နားခိုကျက်စားရာ အင်းလေးကန် ရေပြင်၊ သလဲဦး၊ အလယ်မြောင်း ကျေးရွာအနီး ရှိ ငှက်သားပေါက် ဧရိယာ တို့အပြင် လင်းကင်းငှက် သားပေါက် ဧရိယာ၊ ငှက်သားပေါက် ဧရိယာများနှင့် ဆက်စပ်နေသည့် လယ်ကွင်းများ၊ သာစည်ကန်၊ နဒီကန်၊ ရေငယ်ကွင်း၊ သားငှက် ထိန်းသိမ်းရေး အထူးဇုန် အတွင်းရှိ ငှက်ကြည့်စင် ဧရိယာ၊ အင်းလေးကန် အတွင်းရှိ ရေခြံများ အတွင်းနှင့် ဘီလူးချောင်း တစ်လျှောက်တို့တွင် ခြောက်ကြိမ် ဆောင်ရွက်ခဲ့သည်။

ယခင်နှစ် ငှက်စာရင်းကောက် မှတ်တမ်းများ အရ ရေပျော်ငှက် မျိုးစိတ် ၃၂ မျိုး (အကောင်ရေ ၉၇၆၁ ကောင်)၊ သစ်တော ငှက်မျိုးစိတ် ၅၁ မျိုး (အကောင်ရေ ၁၄ဝ၇ ကောင်)၊ ဆောင်းခိုငှက် မျိုးစိတ် ၃ဝ မျိုး (အကောင်ရေ ၈၆၆၅ ကောင်)တို့ကို တွေ့ရှိ မှတ်တမ်းတင် ခဲ့သည်။

ယခုနှစ် ငှက်စာရင်း ကောက်မှတ်တမ်း များအရ ရေပျော်ငှက် မျိုးစိတ် ၃ဝ မျိုး (အကောင်ရေ ၁၃ဝ၃၃ ကောင်)၊ သစ်တောငှက်မျိုး စိတ် ၄၆ မျိုး (အကောင်ရေ ၅၉၆ ကောင်)၊ ဆောင်းခို ငှက်မျိုးစိတ် ၂၃ မျိုး (ရေငှက် ၁၃မျိုး၊ အကောင်ရေ ၁ဝ၁၁၁ ကောင်၊ ကုန်းနေငှက် ၁ဝ မျိုး၊ အကောင်ရေ ၂၅ ကောင်)၊ စုစုပေါင်း ၂၃၇၆၅ ကောင်တို့ ဝင်ရောက် ကျက်စားသည်ကို တွေ့ရှိရသဖြင့် ယခင်နှစ် ကထက် ငှက်ကောင်ရေ ၃၉၃၂ ကောင် ပိုမိုဝင်ရောက် ကျက်စားသည်ကို တွေ့ရှိ ရကြောင်း သိရသည်။

မင်းလွင်

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment