Pages

Friday, March 4, 2016

ကမ္ဘာ့ရှားပါး စာရင်းဝင် ပန်ဒါနီ ကို နေပြည်တော် တိရစ္ဆာန်ဥယျာဉ်၌ ပြသထားမည်



ချီဖွေ ၊ ၄-၃-၂၀၁၆

ကချင်ပြည်နယ် ချီဖွေမြို့နယ် အတွင်း၌ တွေ့ရှိခဲ့သည့် ကမ္ဘာ့ရှားပါး စာရင်းဝင် ပန်ဒါနီ ကို နေပြည်တော် တိရစ္ဆာန် ဥယျာဉ်သို့ ပို့ဆောင်ပေး ခဲ့ပြီး အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသထားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် သစ်တော ဦးစီးဌာနက သိရသည်။

ကမ္ဘာ့ရှားပါး မျိုးစိတ်ဖြစ်သည့် ပန်ဒါနီ သည် ကချင်ပြည်နယ်၊ ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ နှင့် အီမောဘွန်း ဒေသတို့တွင် ကျက်စားနေထိုင် ကြပြီး နေပြည်တော် တိရစ္ဆာ န်ဥယျာဉ် ၌ ကချင်ပြည်နယ် မြောက်ပိုင်းဒေသမှ ပန်ဒါနီ လေးကောင် ပြသထားကာ ယခုရောက်ရှိ လာသည့် ပန်ဒါနီ အပါအဝင် အထီး၊ အမ ငါးကောင်ပြသ ထားကြောင်း သိရသည်။

ချီဖွေမြို့နယ် ဖီမော်ရွာ၌ ပန်ဒါနီ တစ်ကောင်ကို ရောင်းချနေစဉ် တွေ့ရှိခဲ့သဖြင့် ကချင်ပြည်နယ် သစ်တောဦးစီး ဌာနက ပြန်လည် ဝယ်ယူပြီး အများပြည်သူ ကြည့်ရှုနိုင်ရန် နေပြည်တော် တိရစ္ဆာန် ဥယျာဉ်သို့ ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကာ ဒေသခံများ ကိုလည်း ပန်ဒါနီနှင့် ပတ်သက်ပြီး ပညာပေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ပန်ဒါနီကို အိန္ဒိယ၊ တရုတ်၊ နီပေါနှင့် မြန်မာနိုင်ငံ တို့၌သာ တွေ့ရှိရပြီး ကမ္ဘာပေါ်တွင် အကောင်ရေ တစ်သောင်း အောက်သာ ကျန်ရှိတော့သည့် မျိုးစိတ်ဖြစ်ကာ နိုင်ငံတကာ သဘာဝနှင့် သဘာဝ အရင်းအမြစ် ထိန်းသိမ်း ရေးအဖွဲ့ (IUCN) က မျိုးသုဉ်း ပျောက်ကွယ်လု နီးပါးအန္တရာယ်ဖြင့် ရင်ဆိုင် နေရသော မျိုးစိတ်အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment