Pages

Tuesday, March 22, 2016

ယူနက်စကို၏ သတ်မှတ်ပုံစံအတိုင်း ဒြပ်မဲ့ယဉ်ကျေးမှုနယ်ပယ် ငါးခုအား သတ်မှတ်ထည့်သွင်း စာရင်း ကောက်ယူမည်


ရှမ်းတိုင်းရင်းသား ကိန္နရီ ကိန္နရာ အကနှင့် ဒိုးနယားအက


ရန်ကုန် ၊ ၂၂-၃-၂၀၁၆

ဒြပ်မဲ့ ယဉ်ကျေးမှု နယ်ပယ်ငါးခု ၏ အမွေအနှစ် များကို စဉ်ဆက်မပြတ် ထိန်းသိမ်းသွားရန် ယူနက်စကို၏ သတ်မှတ်ချက် ပုံစံအတိုင်း စာရင်းကောက်ယူ သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

''အရင်ကတော့ ယဉ်ကျေးမှု ဝန်ကြီးဌာန အောက်မှာရှိတဲ့ ဌာနဆိုင်ရာ သုံးခုက ကိုယ့် အစီအစဉ်နဲ့ ကိုယ် စာရင်းကောက်တာ ဖြစ်ပါတယ်။ အခုတော့ ယူနက်စကို အဖွဲ့ရဲ့ သတ်မှတ်ချက် တွေနဲ့အညီ ကောက်ယူ ပါမယ်။ နောက်ပိုင်း အခြေအနေ ကတော့ ယူနက်စကိုသို့ တင်သွင်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်'' ဟု ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်း သုတေသနမှ ဦးစီးအရာရှိ ဒေါ်မာလာအောင် က ပြောသည်။

ဘာသာစကား၊ နှုတ်ပြော အစဉ်အလာ များနှင့် ဖော်ပြချက်များ၊ ဖျော်ဖြေ တင်ဆက်မှု အနုပညာများ၊ လူမှုထုံးတမ်း အစဉ်အလာများ၊ ပွဲလမ်းသဘင်များ၊ သဘာဝနှင့် တစ်လောကလုံး အတွက် အကျုံးဝင်သည့် အသိပညာ၊ ထုံးစံများနှင့် ရိုးရာ လက်မှုပညာများ စသည်ဖြင့် ဒြပ်မဲ့ ယဉ်ကျေးမှု နယ်ပယ်ငါးခုကို သတ်မှတ် ထည့်သွင်း စာရင်းကောက်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စနစ်တကျ စာရင်းကောက်ယူ ထားနိုင်ခြင်း မရှိသည့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် များကို တောင်ကိုရီးယား နိုင်ငံ အခြေစိုက် ကုလသ မဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ဌာနခွဲ၏ အကူအညီဖြင့် စာရင်းကောက်ယူ နိုင်ရေးအတွက် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ပြတိုက်များမှ ဝန်ထမ်းများအား နည်းပညာနှင့် ပညာရပ်ပိုင်း ဆိုင်ရာများကို ၂ဝ၁၅ ခုနှစ်က သင်တန်းများ ပို့ချကာ စာရင်း ကောက်ယူ ခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာ့သနပ်ခါး၊ မြန်မာ့ဆိုင်းဝိုင်း၊ ရှမ်းစက္ကူ ဆင်ရုပ်ချိုး၊ ကလေး ကစားစရာ၊ ပန်းဆယ်မျိုး၊ အိုးလုပ်ငန်း နှင့် ရှမ်းတိုးနယား စသည်တို့ အပါအဝင် အမျိုးအစား ပေါင်း ၃ဝဝ ကျော်ကို ဌာနဆိုင်ရာ၏ အစီအစဉ်ဖြင့် စာရင်း ကောက်ယူ ထားကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment