Pages

Tuesday, March 22, 2016

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် က ဝေးလံသည့်ဒေသများမှ သင်တန်းသားများ ဦးစားပေးခေါ်ယူ


စစ်ကိုင်း ၊ ၂၂-၃-၂၀၁၆

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်က ပညာသင်နှစ် အလိုက် ပညာရေးဘွဲ့ သင်တန်း တက်ရောက်ရန် သွားလာရေး ခက်ခဲသည့် ဝေးလံဒေသ များမှ သင်တန်းသား များကို ဦးစားပေး ရွေးချယ် ခေါ်ယူလျက် ရှိကြောင်း သိရသည်။

''ဒီကျောင်းက စည်းကမ်းလည်း ရှိတယ်။ ပညာသင်ရင်လည်း ပညာသင်နှစ် အလိုက် တိကျတဲ့သင်ရိုး တွေနဲ့သွားတယ်။ ဆရာ၊ ဆရာမ လိုအပ်ချက်တွေ ပေါ်မူတည်ပြီး ဘွဲ့ရတွေလည်း မွေးထုတ်ပေး နိုင်တယ်'' ဟု တက္ကသိုလ် ပထမနှစ် တက်ရောက် နေသည့် ကျောင်းသူ တစ်ဦးက ပြောသည်။

အဆိုပါသင်တန်းကို လျှောက်ထား လိုသူများ အနေဖြင့် သိပ္ပံနှင့် ဝိပ္ပံဘာသာတွဲ အတွက် အမှတ် ၃၅ဝ၊ ဝိဇ္ဇာဘာသာတွဲ အတွက် အမှတ် ၃ဝဝ နှင့်အထက် ရရှိသူများကို ခေါ်ယူပြီး အဆိုပါ ပညာရေးဘွဲ့ သင်တန်းမှာ ပညာသင်နှစ် ငါးနှစ် တက်ရောက်ရမည် ဖြစ်ပြီး ဘွဲ့ရရှိပါက ပညာရေးဝန်ကြီး ဌာန၏ ဝန်ထမ်း လိုအပ်ချက်ပေါ် မူတည်၍ စေလွှတ်သည့် ဒေသများသို့ သွားရောက် တာဝန် ထမ်းဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပညာရေးဘွဲ့ သင်တန်း တက်ရောက် လိုသူများသည် နိုဝင်ဘာ ၁ ရက်တွင် အသက် ၁၉ နှစ်ထက်မကြီးဘဲ ကျန်းမာပြီး ရောဂါ ကင်းရှင်းရမည် ဖြစ်ကာ ကိုယ်အင်္ဂါ ချို့ယွင်းခြင်း၊ စိတ်ချို့တဲ့ခြင်း၊ စကားမပီသခြင်း၊
စကားထစ်ခြင်းများ မရှိဘဲ ဆရာအင်္ဂါရပ် နှင့် ပြည့်စုံရမည် ဖြစ်သည်။

အဆိုပါ လျှောက်ထားသူ များအား ဝင်ခွင့်စာမေးပွဲ ကျင်းပပေးမည် ဖြစ်ပြီး ဗဟိုသင်တန်းသား ရွေးချယ်ရေး ကော်မတီ၏ ပဏာမရွေးချယ်ခံ ရပါက စိတ်အခြေအနေ နှင့် ကျန်းမာရေး စစ်ဆေးမှုခံယူ ရမည်ဖြစ်ကာ ကောင်းမွန်မှသာ တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment