Pages

Tuesday, March 8, 2016

တပ်မတော်လေယာဉ်တစ်စင်း နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ဆင်းသက်စဉ် အရှိန်ထိန်းလေထီးကြိုး ပြုတ်ထွက်ပြီး ပြေးလမ်းကျော်ထွက် ရပ်တန့်ခဲ့



နေပြည်တော် ၊ ၈-၃-၂၀၁၆

တပ်မတော် လေယာဉ်များ အုပ်ဖွဲ့ပျံသန်း လေ့ကျင့်ခန်း ဆောင်ရွက်ရန် အတွက် လေယာဉ်များကို တောင်ငူ လေတပ်စခန်း ဌာနချုပ်မှ နေပြည်တော်သို့ ရွှေ့ပြောင်းရာ ယမန်နေ့ နံနက် ၁၁ နာရီ ၅၄ မိနစ်ခန့်တွင် တပ်မတော် လေယာဉ်တစ်စင်း သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေယာဉ် ပြေးလမ်းသို့ တောင်ဘက်မှ မြောက်ဘက် အတိုင်း ဆင်းသက်စဉ် စက်မှုဆိုင်ရာ ချွတ်ယွင်းမှုကြောင့် အရှိန်ထိန်း လေထီးကြိုး ပြုတ်ထွက်ခဲ့ပြီး လေယာဉ်ပြေးလမ်း ၏ မြောက်ဘက်ထိပ် မှ ပေ ၃၃ဝ ခန့် ကျော်ထွက်၍ ပြေးလမ်းမီးတိုင် သုံးတိုင်အား တိုက်မိရပ်တန့် ခဲ့သည်။

လေယာဉ်ပြေးလမ်း အရှိန်လွန် မှုကြောင့် လေသူရဲ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ လေယာဉ်၏ ဘီးများကျိုးပဲ့ ခဲ့ပြီး ဆီတိုင်ကီနှင့် လေယာဉ် ဦးပိုင်းတို့လည်း ပျက်စီးခဲ့ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment