Pages

Thursday, March 17, 2016

တရားမ၀င်လှိုင်းနှုန်း အသုံးပြုမှု ထိန်းချုပ်ရေးစင်တာများ တည်ဆောက်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ဧပြီလနောက်ဆုံးပတ်တွင် တင်ဒါခေါ်ယူမည်


ရန်ကုန် ၊ ၁၇-၃-၂၀၁၆

ကမ္ဘာ့ဘဏ် ချေးငွေဖြင့် တရားမ၀င် လှိုင်းနှုန်းအသုံးပြုမှု ထိန်းချုပ်ရေး စင်တာများ တည်ဆောက်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများကို ဧပြီလေ နာက်ဆုံးပတ်တွင် တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ တရားမဝင် လှိုင်းနှုန်းများ စောင့်ကြည့် စစ်ဆေးခြင်းကို လက်ရှိတွင် ရွေ့လျားတိုင်းတာမှု ယာဉ်များဖြင့် တရားမဝင် အသုံးပြုမှုများကို လိုက်လံစစ်ဆေးလျက် ရှိပြီး ယင်းအတွက် ထိရောက်သော ထိန်းချုပ်မှု လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅ဝ ဖြင့် တည်ဆောက် မည် ဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေ များကို အမိန့် ကြော်ငြာစာ အမှတ်(၁ဝ/ ၂ဝ၁၆) ဖြင့်ထုတ်ပြန် ထားသည်။

ယင်းလှိုင်းနှုန်း ဆိုင်ရာ နည်းဥပဒေတွင် လှိုင်းနှုန်း သို့မဟုတ် လှိုင်းနှုန်းခွင် များကို အသုံးပြုခွင့် ရရှိထားခြင်း မရှိဘဲ သုံးစွဲနေသူ များသည် နည်းဥပဒေ စတင် အကျိုးသက်ရောက် သည့်ရက်မှ ခြောက်လအတွင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ လှိုင်းနှုန်း အသုံးပြုခွင့် တင်ပြလျှောက်ထား ရမည် ဖြစ်သည်။

ထို့ပြင် ထိန်းချုပ်နိုင်မည့် Fixed Monitoring Unit စင်တာများ တည်ဆောက်ကာ လှိုင်းနှုန်း စစ်ဆေးမှုများတွင် ဒစ်ဂျစ်တယ်နှင့် ဂြိုဟ်တုဆိုင်ရာ လှိုင်းနှုန်း အသုံးပြုမှုများ၊ FM ရေဒီယိုလှိုင်းနှုန်း အသုံးပြုမှုများ၊ မိုဘိုင်းလ် ဆက်သွယ်ရေး လှိုင်းနှုန်း အသုံးပြု မှုများ၊ Wi-Fi ကွန်ရက် နှင့် WiMax ကဲ့သို့ အင်တာနက် ဝန်ဆောင်မှုများလည်း ပါဝင်ကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment