Pages

Thursday, March 17, 2016

ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်ပြသမည်


ရန်ကုန် ၊ ၁၇-၃-၂၀၁၆

ပဉ္စမ အကြိမ်မြောက် ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကို ဧပြီ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ လက်ဝတ် ရတနာ ကုန်သွယ်မှု စင်တာ၌ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ လက်ဝတ် ရတနာ များကို ပါဝင်ပြသ ကြမည် ဖြစ်ကြောင်း သိရသည်။

''ဒီပြပွဲက အသင်းချုပ် အနေနဲ့ ကျင်းပတာ မဟုတ်ပါဘူး။ Asia Connect ကနေ ကျင်းပတာပါ။ အခုကျင်းပတာ ငါးကြိမ်မြောက် ပါ။ အဲဒီမှာ လက်ဝတ်ရတနာ အချောထည် တွေနဲ့ လက်ဝတ် ရတနာ လုပ်မယ့် စက်ပစ္စည်း ကိရိယာတွေကို ပြသပေး မှာပါ'' ဟု မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ အတွင်းရေးမှူး (၂) ဦးထွန်းလှအောင် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ရွှေနှင့် ကျောက်မျက် ရတနာများကို တားမြစ်ကုန် အဖြစ် သတ်မှတ်ထား သော်လည်း အဆိုပါ သတ်မှတ်ချက်ကို ပယ်ဖျက်ပေးရန် ရွှေလုပ်ငန်း ရှင်များ အသင်းချုပ် အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း များထံ တင်ပြထားရာ မကြာမီ ခွင့်ပြု ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရွှေနှင့် ကျောက်မျက် ရတနာများ သည် နိုင်ငံတကာသို့ ထိုးဖောက် ဝင်ရောက် နိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေဆိုင်) က ပြောသည်။

အဆိုပါ ကျောက်မျက် ရတနာပြပွဲတွင် ကမ္ဘာတစ်ဝန်း မှ လက်ဝတ် ရတနာ ထုတ်လုပ်ခြင်း နှင့် နောက်ဆုံးပေါ် နည်းပညာများ ကို မိတ်ဆက်ခြင်း အပြင် မြန်မာ၊ အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဟောင်ကောင် နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့မှ ပါဝင်ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment