Pages

Thursday, February 25, 2016

၂၀၁၇ ခုနှစ်တွင် myME မှ တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်



ရန်ကုန် ၊ ၂၅-၂-၂၀၁၆

ကျောင်းပြင်ပ ရောက် ကလေးများကို ပညာ သင်ကြားလျက် ရှိသော Myanmar Mobile Education Project - myME သည် ၂ဝ၁၇ ခုနှစ်တွင် တိုင်းရင်းသား ဘာသာ စကားများကို သင်ကြားပေး နိုင် ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

myME သည် ကျောင်းပြင်ပ ကလေးများနှင့် လက်ဖက်ရည်ဆိုင် များ၌ အလုပ် လုပ်ကိုင်နေသော ကလေးများအား သမားရိုးကျ မဟုတ်သော ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း ပညာရေး တို့ကို အခမဲ့ သင်ကြားပေးပြီး တစ်နိုင်ငံလုံး ရှိ ကျောင်းပြင်ပရောက် ကလေးများကို တိုးချဲ့ ပညာသင်ကြား ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

myME နှင့် တယ်လီနော တို့ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ကျောင်းပြင်ပ ရောက် ကလေးများ ပညာသင်ကြား နိုင်မည့် စီမံကိန်းတစ်ခု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းကို တယ်လီနော အလင်းအိမ်စင်တာ ၊ myME Chapter  ၊ myME Box App တို့မှတစ်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကနဦးတွင် မြန်မာစာဖြင့် သင်ကြားနိုင်မည် ဖြစ်သော် လည်း ၂ဝ၁၇ ခုနှစ်တွင် တိုင်းရင်းသား ဘာသာ စကားများဖြင့် သင်ကြားပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဉ် အတွက် အသက် ကန့်သတ်မှုမရှိဘဲ ကျောင်းပြင်ပ၌ ရောက်ရှိနေသည့် ကလေးများကို အဓိကထား သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကို မေလအတွင်း စတင်နိုင်ရန် ဆောင် ရွက်နေကြောင်း၊ သင်ကြားမည့် ဘာသာရပ်များမှာ အင်္ဂလိပ်၊ သင်္ချာ၊ Life Skills နှင့် အခြေခံ ကွန်ပျူတာ သင်တန်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

myME သည် ကျောင်းပြင်ပရောက် ကလေးများအား ၂ဝ၁၄ ခုနှစ်မှစတင်၍ ပညာသင်ကြား ပေးေ နခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် နှစ်ကုန်အထိ ကလေးဦးရေ ၉ဝဝ ကျော်ကို ပညာသင်ကြား ပေးခဲ့ရာ ယခုနှစ် နှစ်ကုန်ပိုင်း အထိ ကလေးဦးရေ ၁၅ဝဝ ကျော် ပါဝင်နိုင်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၂၈၀)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment