Pages

Thursday, February 25, 2016

ညောင်ချောင်းသာ အပန်းဖြေစခန်းဖွင့်ပွဲ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်မည်



ညောင်တုန်း ၊ ၂၅-၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်းမြို့နယ် ရှိ ညောင်ချောင်းသာ အပန်းဖြေစခန်း ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ညောင်ချောင်းသာ အပန်းဖြေစခန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။

အဆိုပါဖွင့်ပွဲကို ညောင်ချောင်းသာ သောင်ပြင်၌ ကျင်းပမည် ဖြစ်ပြီး အပန်းဖြေ ကမ်းခြေဖွင့်ပွဲ နှင့်အတူ မီးဘေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကိုလည်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ညောင်ချောင်းသာ အပန်းဖြေစခန်း ကို ၂ဝ၁၃ ခုနှစ်အတွင်းက စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး လာရောက် အပန်းဖြေသူ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာခဲ့ကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်များနှင့် မတူဘဲ နိုင်ငံခြား ခရီးသွားဧည့်သည် အများအပြား လာရောက်ရန် စီစဉ်ထားကြောင်း၊ ယခင်နှစ် များကလည်း အဆိုပါ အပန်းဖြေ စခန်းသို့ အာရှတိုက်မှ နိုင်ငံခြား ခရီးသွား ဧည့်သည်တချို့ လာရောက် လည်ပတ် ခဲ့ကြောင်း သိရသည်။

''ဒီအပန်းဖြေ စခန်းက ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိပြီး ဒီလို အပန်းဖြေ စခန်းမျိုးကို နိုင်ငံခြား ခရီးသွားဧည့်သည် တွေ အထူးစိတ်ဝင်စား တာကြောင့် ဒီနှစ်ထဲမှာ ညောင်ချောင်းသာ အပန်းဖြေ စခန်းကို နိုင်ငံခြားခရီးသွား ဧည့်သည် အများအပြား လာရောက် ကြမယ်လို့ မျှော်မှန်းထား ပါတယ်။ နိုင်ငံခြား ခရီးသွား ဧည့်သည်အတွက် လုံခြုံရေးအပိုင်း ကိုလည်း တင်းတင်း ကျပ်ကျပ် ဆောင်ရွက်ထား ပါတယ်'' ဟု အဆိုပါကမ်းခြေ ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ညောင်ချောင်းသာ အပန်းဖြေ စခန်းသို့ လာရောက် အပန်းဖြေသူ များအား ဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၂ဝဝ နှင့် ကားတစ်စီးလျှင် ကျပ် ၁ဝဝဝ နှုန်း ကောက်ခံကြောင်း သိရသည်။

ဆုလာဘ် ၊ မင်းသော်တာလွင်

No comments:

Post a Comment