Pages

Thursday, February 25, 2016

ကမ္ဘောဒီးယားနိုင်ငံ၌ မြေမြှုပ်မိုင်းများ ရှင်းလင်းရန် မိုင်းရှာကြွက်များကို စတင်အသုံးပြုနေပြီဖြစ်



ဖနွမ်းပင် ၊ ၂၅-၂-၂၀၁၆

ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း ကြောင့် အထိအခိုက် အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံ သည် မပေါက်ကွဲ သေးသော မြေမြှုပ်မိုင်း များကို အနံ့ခံ ဖော်ထုတ်၍ ဖျက်ဆီး ရှင်းလင်းနိုင်ရန် အတွက် မိုင်းရှာကြွက် များ စတင်အသုံးပြု နေပြီ ဖြစ်ကြောင်း ဗြိတိန် အခြေစိုက် သည်အင်ဒီပင်းဒင့် သတင်းစာ က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အနံ့ခံအာရုံ အကောင်းဆုံး တိရစ္ဆာန်များ ထဲတွင် ပါဝင်သည့် ကြွက်များသည် ဖုံးကွယ်ထားသည့် လက်နက်များကို အနံ့ခံရှာဖွေ ရာတွင် ပိုမိုမြန်ဆန်မှု နှင့် တစ်ကီလို ဝန်းကျင်သာ ရှိသည့် ကိုယ်ခန္ဓာ အလေးချိန်ကြောင့် ဖိအားအပေါ် မူတည် ပေါက်ကွဲတတ်သော မိုင်းများကို ရှာဖွေရာတွင် ဘေးအန္တရာယ် လုံခြုံမှုရှိကြောင်း သိရသည်။

သာမန် လုပ်ရိုးလုပ်စဉ်များ အသုံးပြုပါက မြေမြှုပ်မိုင်း များကို နှစ်ရက်မှ သုံးရက်အထိ အချိန်ယူ ရှင်းလင်းရသည့် နယ်မြေတစ်ခု အတွက် အနံ့ခံကြွက်များ အသုံးပြုပါက မိနစ် ၂ဝ မှ ၂၅ မိနစ်အတွင်း ယင်း နယ်မြေကို အပြီးဖယ်ရှား နိုင်ကြောင်း အနံ့ခံကြွက် အသုံးပြု မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည့် ကမ္ဘောဒီးယား နိုင်ငံသည် မပေါက်ကွဲ သေး သည့် မြေမြှုပ်မိုင်း အများဆုံး ကျန်ရှိသော ကမ္ဘာ့နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စစ်မြေပြင် ဖြစ် ခဲ့သည့် ဒေသများတွင် မြေမြှုပ်မိုင်း ခြောက်သန်းမျှ ကျန်ရှိနေဆဲ ဖြစ်ကြောင်း ယုံကြည်ရသည်။

၁၉၇၆ ခုနှစ်မှ ယနေ့ထိ ကမ္ဘောဒီးယား နိုင်ငံသားဦးရေ ၆၇ဝဝဝ ကျော်တို့သည် မြေမြှုပ်မိုင်း ပေါက်ကွဲမှု များကြောင့် သေဆုံးခြင်း သို့မဟုတ် ထိခိုက် ဒဏ်ရာရရှိခြင်း များနှင့် ရင်ဆိုင်ခဲ့ ရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment