Pages

Monday, February 22, 2016

ပုပ္ပားတောင်၌ တောမီးလောင်ကျွမ်းမှုမှ ကာကွယ်ရန် ဒေသခံများနှင့် ပူးပေါင်း၍ မီးဘေးကာကွယ်မှု အစီအမံများ ကြိုတင်ပြင်ဆင်ထား



ကျောက်ပန်းတောင်း ၊ ၂၂-၂-၂၀၁၆

နှစ်စဉ် တောမီးလောင်မှု အန္တရာယ်နှင့် ကြုံတွေ့ နေရသည့် ပုပ္ပားတောင်၌ တောမီး လောင်ကျွမ်းမှုမှ ကာကွယ်ရန် ဒေသခံများနှင့် ပူးပေါင်း၍ မီးဘေး ကာကွယ်မှု အစီအမံများကို ကြိုတင်ပြင်ဆင် ထားရှိကြောင်း ပုပ္ပားတောင် အုပ်ချုပ်ရေးရုံး မှ သိရသည်။

ပုပ္ပားတောင်၌ နှစ်စဉ် တောမီး လောင်သည့် အန္တရာယ်ဖြင့် ကြုံတွေ့ နေရပြီး ၂ဝ၁၅ ခုနှစ်တွင် ၁ဝ ရက်ခန့် အကြီးအကျယ် တောမီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် အတွက် တောမီး အန္တရာယ်မှ ကာကွယ်နိုင် ရန် တောင်တက် လမ်းမ တစ်လျှောက် တွင် မီးတားလမ်းများ၊ မီးတားကွက်များ ဖောက်လုပ် ထားခြင်း၊ မီးဘေး အန္တရာယ် အတွက် စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ရာသီဥတု ပူပြင်းခြောက်သွေ့ လာချိန်တွင် တောတွင်း၌ စခန်းချ နေထိုင်သူ များ၏ ပေါ့ဆ မှုကြောင့် တောမီး လောင်ကျွမ်းခြင်း၊ တောကောင်ငယ် များကို တောမီးရှို့၍ အမဲလိုက် ဖမ်းဆီးခြင်း များကြောင့် တောမီး လောင်ကျွမ်း ရခြင်း၊ သစ်ပင်များ ပွတ်တိုက်ရာမှ သဘာဝ အလျောက် မီးလောင်ကျွမ်း စေခြင်း၊ သစ်တော စိုက်ခင်းများ အတွက် တောင်ယာမီးရှို့ ရာမှတစ်ဆင့် တောမီး လောင် ကျွမ်းခြင်း တို့ ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ များထဲတွင် တောမီး လောင်မှု အများဆုံးနိုင်ငံ ၌ ပါဝင်နေပြီး ၂ဝ၁၄ ခုနှစ် တစ်နှစ်လုံးတွင် ဂြိုဟ်တုမှ တစ်ဆင့် မှတ်တမ်းတင်ခဲ့ရာ အာဆီယံနိုင်ငံ များ၌ တောမီး လောင်မှု အကွက် (Fire Spots) ၇၅ဝဝဝ တွေ့ ရှိခဲ့ကာ မြန်မာနိုင်ငံ၌ (Fire Spots) ၂၈ဝဝဝ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment