Pages

Monday, February 22, 2016

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) သို့ သစ်ကုလားအုတ် တစ်စုံ ရောက်ရှိမည်


နေပြည်တော် ၊ ၂၂-၂-၂၀၁၆

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီး ဌာနနှင့် ဂျပန်နိုင်ငံ Sapporo Zoo တို့၏ နှစ်နိုင်ငံ ချစ်ကြည်ရေး အစီအစဉ် အရ Htoo Zoos and Gardens Business Unit တို့နှင့် ပူးပေါင်း၍ ဒုတိယအသုတ် အနေဖြင့် တိရ စ္ဆာန် ဥယျာဉ် (နေပြည်တော်) သို့ သစ်ကုလားအုတ် တစ်စုံ ဖေဖော်ဝါရီ ၂၃ ရက်တွင် ရောက်ရှိမည် ဖြစ်သည်။

အဆိုပါ သစ်ကုလားအုတ် (Giraffe) အထီး တစ်ကောင်နှင့် အမတစ်ကောင် တို့သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိမည် ဖြစ်ပြီး ၂၃ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တစ်ဆင့် တိရစ္ဆာန် ဥယျာဉ် (နေပြည်တော်) သို့ ကုန်းလမ်း ခရီးဖြင့် ရောက်ရှိမည် ဖြစ်သည်။

ပထမအသုတ် အနေဖြင့် ဖလန်မင်ဂိုငှက် (Cuban Flamingo) အမျိုးအစား အကောင် ၂ဝ မှာ ဖေဖော်ဝါရီ ၄ ရက်က တိရ စ္ဆာန် ဥယျာဉ် (နေပြည်တော်) သို့ ရောက်ရှိလာပြီး အများပြည်သူ လေ့လာကြည့်ရှု နိုင်ရန် ထိန်းသိမ်း ကာကွယ် စောင့်ရှောက် မွေးမြူပြသ ထားကြောင်း သိရသည်။

ကျော်လွင်

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment