Pages

Friday, February 26, 2016

ယူနက်စကို အသိအမှတ်ပြုခံရသည့် မြစေတီကျောက်စာ နှင့် အလောင်းဘုရား ရွှေပေလွှာ တို့၏ ဂုဏ်ပြုလွှာပုံစံတူ ကို ပြည်သူများ လေ့လာနိုင်ရန် ပြသမည်


A Letter of King Alaungphaya to King George II

Myazedi Stone Inscription

ရန်ကုန် ၊ ၂၆-၂-၂၀၁၆

မြစေတီ ကျောက်စာ (ရာဇကုမာရ် ကျောက်စာ) နှင့် အလောင်းဘုရား ရွှေပေလွှာ တို့၏ ယူနက်စကို အသိအမှတ်ပြု မှတ်တမ်း ဂုဏ်ပြုလွှာများကို အမွေအနှစ် တစ်ခုအဖြစ် ထိန်းသိမ်းနိုင် ရန်နှင့် အများပြည်သူ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ပုံစံတူ သတ္တုပြား၊ ကြွေပြားများဖြင့် ရေးထွင်းကာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှိ ရှေးဟောင်း သုတေသန ပြတိုက်၌ ပြသသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း က ပြောသည်။

ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အစီအစဉ် တွင် ကမ္ဘာ့ အမွေအနှစ် လျှောက်ထားမှုပေါင်း ၈၈ ခုအနက် မြစေတီ ကျောက်စာကို ယူနက်စကိုမှ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် စာရင်း ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အသိအမှတ်ပြု စာရွက်စာတမ်း များကို ယူနက်စကို မိတ်ဖက် အဖွဲ့အစည်း ဖြစ်သည့် World Digital Library နှင့် ဆက်သွယ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာဘုရင် အလောင်းမင်းတရားကြီး မှ ဗြိတိန်ဘုရင်ထံ ပေးပို့ခဲ့သော ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz စာကြည့်တိုက်၌ ထိန်းသိမ်း ထားသည့် ရွှေပေလွှာကို ၂ဝ၁၅ ခုနှစ်က ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းသို့ မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ ပူးတွဲတင်ပြခဲ့ရာ လက်ရှိတွင် ဂျာမနီအစိုးရမှ ယင်းရွှေပေလွှာ ၏ ဒစ်ဂျစ်တယ် မိတ္တူကို မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့် အတွက် ယခုအခါ ပြည်သူများ လေ့လာ ကြည့်ရှုနိုင်ရန် အဆိုပါေ ရွှပေလွှာကို အမျိုးသားပြတိုက် (ရန်ကုန်) ၌ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment