Pages

Friday, February 26, 2016

မြန်မာ့လက်မှုပညာ စက္ကူအရုပ်များကို ဗြိတိန်နိုင်ငံသို့ တင်ပို့



ရန်ကုန် ၊ ၂၆-၂-၂၀၁၆

မြန်မာ့လက်မှုပညာ စက္ကူအရုပ် များကို ဗြိတိန်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပို့ကုန်ဌာနစုမှ သိရသည်။

အဆိုပါ မြန်မာ့လက်မှု ပညာ စက္ကူအရုပ် များကို ဗြိတိန်နိုင်ငံသို့ E Sourcing Ltd  မှ တင်ပို့လျက်ရှိရာ အရုပ် အမျိုးအစားပေါင်း ၁၈ မျိုးရှိပြီး စုစုပေါင်း ၅၁၈ ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းစက္ကူအရုပ် များသည် စက္ကူနှင့် ခေါက်ချိုးထားကာ ဆေးရောင်စုံများ ခြယ်သထားခြင်း ဖြစ်ပြီး ငှက်၊ ခွေး၊ မြင်းကျား၊ ဆင်၊ ကျား၊ သစ်ကုလားအုတ် နှင့် ဖိုးဝရုပ်လေးများ ဖြစ်သည်။

ဥရောပနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံ များမှ မြန်မာနိုင်ငံရှိ လက်မှုလုပ်ငန်းများ ကို စိတ်ဝင်စားကာ ဝယ်ယူမှုများ တစ်နေ့တခြား များပြားလာပြီး ပြည်ပနိုင်ငံ များသို့ပါ တင်ပို့လာနိုင် ခြင်းဖြစ်သည်။

မြန်မာ့လက်မှု ပညာလက်ရာ များကို ပြည်ပနိုင်ငံများမှ စိတ်ဝင်စားလျက် ရှိရာ အများဆုံး ဝယ်ယူမှုမှာ ယွန်းထည်ပစ္စည်း၊ ယွန်းပန်းချီ၊ ရိုးရာ ရက်ကန်းထည်များ၊ ကြိမ်ထည်များ၊ ကြေးဖောင်းကြွ ပန်းချီကားချပ် များ၊ ဗေဒါကို အသုံးပြု၍ ထုတ်လုပ်ထားသည့် အသုံးအဆောင် ပစ္စည်းများ၊ သစ်လုံးထွင်း ပန်းပုရုပ်များနှင့် ပုသိမ်ထီးများ ဖြစ်ကြကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment