Pages

Thursday, February 25, 2016

ကမ္ဘာပေါ်တွင် ဗီဇာရရှိရန် အခက်ခဲဆုံး နိုင်ငံများ



ကမ္ဘာပေါ်တွင် ဗီဇာရရှိရန် အခက်ခဲဆုံး နိုင်ငံများ

ကမ္ဘာတစ်ဝန်းမှာ နိုင်ငံတစ်နိုင်ငံ နဲ့ တစ်နိုင်ငံကြား  လွတ်လပ်စွာ ကူးသန်း ရောင်းဝယ် သွားလာခွင့်ကို နည်းလမ်းမျိုးစုံနဲ့ တည်ဆောက်ယူ နေကြပေမယ့် နိုင်ငံတကာ ခရီးသည်တွေ ဝင်ရောက်ခွင့်ကို အထူး တင်းကျပ်ထား တဲ့ နိုင်ငံတွေ ကျန်ရှိ နေပါသေးတယ်။     

တရုတ်နိုင်ငံ  

တရုတ်သံရုံး တွေဟာ ဗီဇာကိစ္စနဲ့  ပတ်သက် လာရင် အရင်ကထက်တောင် ပိုပြီး တင်းကျပ် လာပါတယ်။ သင့် ကိုယ်ရေး အချက်အလက်နဲ့ အခြားသော စာရွက်စာတမ်း တွေကို အဆုံးမသတ် နိုင်ေ အာင် တောင်းခံ မှာ ဖြစ်သလို တရုတ်နိုင်ငံ ထဲကို သင်စီးနင်း လိုက်ပါသွားမယ့် လေယာဉ် လက်မှတ် တွေကိုပါ တောင်း ခံပါတယ်။ ဒါ့ပြင် အဲဒီ လေကြောင်း၊ သင် တည်းခိုမယ့် ဟိုတယ်တွေမှာ သင့်နာမည်နဲ့ မှာယူထားတာ အမှန်တကယ် ရှိ၊ မရှိ စုံစမ်း ပါသေးတယ်။ တရုတ်နိုင်ငံထဲ  သင်နေထိုင်တဲ့ ကာလပတ်လုံး အဲဒီ ဟိုတယ်မှာ သင် အမှန်တကယ် ရှိ၊ မရှိ စုံစမ်း ပါသေးတယ်။ တရုတ်နိုင်ငံ ထဲမှာ ရက်ပေါင်း ၃ဝ ထက် မကျော်ဘူး ဆိုရင် ကြည်ကြည် သာသာ ရှိကြပေမယ့် အဲဒီထက်ပိုပြီး ကြာသွားမယ် ဆိုရင် သင့် ခရီးစဉ် တွေကို အသေးစိတ် တောင်းခံ ပါလိမ့်မယ်။ တရုတ်ဗီဇာ လျှောက်ဖို့ အရင်ဆုံး ရက်ချိန်း တောင်းရ ပါမယ်။ ကြိုက်တဲ့ရက်ကို တရုတ်သံရုံးထဲ လမ်းလျှောက် ဝင်သွားပြီး ဗီဇာ တောင်းခံလို့ မရပါဘူး။ ဒါကြောင့် တရုတ်ဗီဇာ ရဖို့ဆိုတာ လနဲ့ချီပြီး ကြိုတင်စီစဉ် ရပါတယ်။

အီရန်နိုင်ငံ  

ပြည်ဝင်ခွင့်ဗီဇာ ကို ဘယ်တော့မှ ရှောရှောရှူရှူ မရပါဘူး။ ၂ဝ၁၆ ခုနှစ်ထဲမှာ ပိုလို့တောင် ခက်လာ ပါသေးတယ်။ ဗီဇာ စမလျှောက်ခင် Authorization Code လို့ခေါ်တဲ့ ဗီဇာလျှောက်ခွင့် လိုပါသေးတယ်။ အီရန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကနေ သင်ဟာ ဗီဇာလျှောက်ရန် သင့်လျော်မှု  ရှိ၊ မရှိ အရင် စစ်ဆေးပြီး ပေးတဲ့ Code ဖြစ်ပါတယ်။ ဗီဇာရဖို့ ဝေးလို့ ဗီဇာ စလျှောက် ဖို့တောင် Authorization Code လိုတာပါ။ ဒီ Code ကိုလဲ လွယ်လွယ်နဲ့ ရတာ မဟုတ်ပါဘူး။ တီဟီရန် အခြေစိုက် အီရန် နိုင်ငံသားပိုင် ခရီးသွား ကုမ္ပဏီတစ်ခုခု ကနေ လျှောက်ပေးမှ တစ်လလောက်နဲ့ ရတာပါ။ သင်ဟာ  UK, Canada, US ကဆိုရင် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အသိအမှတ်ပြု ခရီးသွား ကိုယ်စားလှယ် တစ်ဦးပါမှ ဗီဇာလျှောက်ဖို့ အဆင်ပြေ ပါလိမ့်မယ်။ သင် အီရန်နိုင်ငံထဲ ဘယ်တွေကို သွားမလဲဆိုတာ အသေးစိတ် မေးမှာမို့ပါ။ အမျိုးသမီး တွေဆိုရင် ပတ်စ်ပို့ ဓာတ်ပုံကို ခေါင်းဆောင်း တစ်ခုခု ဆောင်းထားပြီးမှ ရိုက်ထားရ ပါမယ်။ ဒီအတိုင်းဆိုရင် သင့်ဗီဇာကို ထည့် စဉ်းစားမှာတောင် မဟုတ်ပါဘူး။

ရုရှားနိုင်ငံ 

Biometric Application လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ ဇီဝ အမှတ်အသား များကို အသုံးပြုတဲ့  လုံခြုံရေး နည်းစနစ် အသုံးပြုထားတဲ့ ရုရှားနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ လျှောက်ဖို့ ဆိုတာ ကလဲ ဗီဇာလျှောက်ဖို့ အရေး လူကိုယ်တိုင် သွားပြီး လက်ဗွေ နှိပ်ရပါတယ်။ မျက်နှာကို ဓာတ်ပုံရိုက်ခံ ရပါတယ်။ ခက်တာက ဒီကိစ္စကို ကူညီ ဆောင်ရွက်ပေးမယ့် ခရီးသွား ကိုယ်စားလှယ် ဆိုတာလိုမျိုး မရှိတာပါပဲ။ ဒီတော့ ရုရှားကို သွားချင်ရင် ဗီဇာရဖို့ဆိုတာ သင်ကိုယ်တိုင်ပဲ အစအဆုံး လုပ်ရပါလိမ့်မယ်။ သင်ရောက်သွားတဲ့ အခါ လူတန်းကြီး သိပ်ရှည် မနေအောင်တော့ ဆုတောင်း လိုက်ပါ။ သင့်ဆီမှာ ရုရှားနိုင်ငံသား တစ်ယောက်ယောက် ကနေ ဖိတ်ခေါ်ထားတဲ့ Call Letter ရှိမှ ဗီဇာစလျှောက်လို့ ရမှာနော်။ အဲဒီ Call Letter ဆိုတာကလဲ  ရုရှား နိုင်ငံခြားရေး ဝန်ကြီး အသိအမှတ်ပြု ရုရှားအခြေစိုက် ခရီးသွား ကိုယ်စားလှယ်ရုံး ဖြစ်ဖို့ လိုအပ်ပါတယ်။  Call Letter ရပြီး အွန်လိုင်း ဖောင်ဖြည့်ပြီ ဆိုရင်လဲ ဂရုစိုက်ပါ။ အမှားလေး နည်းနည်း ပါသွားတာနဲ့ သင် Reject ထိသွားပါလိမ့်မယ်။

တာ့ခ်မင့်နစ္စတန်နိုင်ငံ

ကမ္ဘာပေါ်မှာ တံခါးကို အတင်းကျပ်ဆုံး ပိတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံပါ။  ခရီးသွားကုမ္ပဏီ တစ်ခုကို မငှားဘဲ သင်ဗီဇာမရနိုင် ပါဘူး။ ဗီဇာရဖို့ကလဲ သင်သွားလာမယ့် နေရာတွေမှာ ဟိုတယ်တွေ ကြိုတင် ဘွတ်ကင် လုပ်ပြီးသား ဖြစ်နေရပါမယ်။ အီရန်နဲ့ ရုရှားမှာလိုပဲ Call Letter လိုပါလိမ့်မယ်။ အဲဒီ Call Letter ဆိုတာလဲ တာ့ခ်မင့်နစ္စတန် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ရဲ့ မှတ်ချက်ပါမှ အကျုံးဝင်မှာ ဖြစ်ပါတယ်။ မှတ်ချက်ရဖို့ ကတော့ သုံးပတ်လောက် စောင့်ကြည့်ပါ။  ရမယ်၊ မရဘူးဆိုတာ မသေချာပါဘူး။ မှတ်ချက်ရရင် ဗီဇာ လျှောက်လိုက်ပါ။ နှစ်ပတ်လောက်တော့ စောင့်ပါ။

အဇာဘိုင်ဂျန်နိုင်ငံ

ဒီနိုင်ငံမှာ ရုံးပိတ်ရက် များလွန်းတဲ့ ပြဿနာလဲ ပါလာပါတယ်။ အထူးသဖြင့် တစ်နွေလုံးနီးပါး သံရုံးတွေ၊ လူဝင်မှုကြီးကြပ် ရေးရုံးတွေ ပိတ်ပါတယ်။ ဗီဇာရဖို့ အလွန်ကြန့်ကြာ သွားလေ့ ရှိပါတယ်။ ပုံမှန် ကမ္ဘာလှည့် ခရီးသွားဗီဇာ ရဖို့ နှစ်ပတ်ခွဲ အနည်းဆုံး ကြာပါတယ်။ e-Visa ဆို ရင် လေးပတ်ကနေ ခြောက်ပတ်ထိ ကြာပါတယ်။ ဒါပေမဲ့  e-Visa လျှောက်ထားပြီးရင် ဘာတွေ ဆက်ဖြစ်နေသလဲ ဆိုတာကို စုံစမ်းသိရှိနိုင်မယ့် နည်းလမ်းမ ရှိပါဘူး။ သင်ဟာ အလုပ်တွေ အများကြီး လုပ်ပြီး ဗီဇာ လျှောက်ထား လိုက်ပြီးတော့ အူကြောင်ကြောင် နဲ့ ရက်ပေါင်းများစွာ ထိုင်စောင့် နေရပါလိမ့်မယ်။

အိန္ဒိယနိုင်ငံ

ဒီနိုင်ငံမှာ e-Visa စနစ်ကို စတင်ကျင့်သုံး လာတာ မကြာသေးပါဘူး။ ဒါပေမဲ့  ဖောင်ဖြည့်ရတာ ချင်းတော့ သိပ်မကွာလှ ပါဘူး။ အသေးစိတ် ဆန်လွန်းပြီး ပြန်မှတ်မိဖို့ ခက်ခဲလှတဲ့ အချက်အလက် တွေကို တောင်းဆို ပါလိမ့်မယ်။ Browser က ရွေးသေးတယ်။ ကိုယ့်ဘက်က ငွေသွင်းလဲ  သူတို့ရဲ့ ဗဟိုဘဏ်က ဆာဗာဒေါင်း နေရင် ငွေပေးလို့ မရပြန်ဘူး။ ငွေသားချည်း သွားသွင်းမယ် ဆိုရင်လဲ မရဘူး။ e-Visa ဆိုတာ Sandard  visa ဖြစ်သွားလို့ပဲ။ ပြီးရင် Reject ကလဲ  အတော် ထိပါတယ်။ Reject ထိသွားရင် အိန္ဒိယသံရုံးကို လူကိုယ်တိုင် သွားပြီး တစ်ဆင့်ပြီး တစ်ဆင့် လျှောက်ရ ပါလိမ့်မယ်။ အချိန်ပိုကြာပြီး ငွေပိုကုန် ပါတယ်။ 

ထိုင်းနိုင်ငံ

ဗီဇာမရှိဘဲ ရက် ၃ဝ နေလို့ရတဲ့နိုင်ငံ တွေကတော့ UK, US, Canada, Australia ဖြစ်ပါတယ်။ အဲဒီထက် ပိုကြာမယ်ဆိုရင် ဗီဇာလျှောက်ရ ပါလိမ့်မယ်။ အဝင်တစ်ကြောင်း ပဲဆိုရင် ဗီဇာလျှောက်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံကို တံခါးသဖွယ် မှတ်ယူပြီး တခြားနိုင်ငံ တွေကိုလဲ  သွားလည်မှာမို့  ထိုင်းနိုင်ငံထဲကို ဝင်လိုက်၊ ထွက်လိုက် လုပ်နေမယ် ဆိုရင်တော့ သင် တင်ပြရမယ့် စာရွက်စာတမ်း စာရင်းဟာ အလွန်ကို ရှည်လျား ပါလိမ့်မယ်။ လေယာဉ် လက်မှတ်တွေ၊ သင့်မှာ အလုပ်ရှိကြောင်း ထောက်ခံချက်တွေ၊ ဘဏ် ငွေစာရင်း ကြေညာချက်တွေနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၇ဝဝဝ နဲ့ညီမျှ Show Money တွေ လိုအပ်ပါလိမ့်မယ် လို့ လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ် ၊ (၃၂)

No comments:

Post a Comment