Pages

Wednesday, February 24, 2016

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ကိုကိုးကျွန်းသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ


တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ကိုကိုးကျွန်းသို့  ထွက်ခွာစဉ်

နေပြည်တော် ၊ ၂၄-၂-၂၀၁၆

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့ ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရန် အတွက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၃) ရေတပ် ဆိပ်ခံတံတား (သီလဝါ)မှ ထွက်ခွာသည်။

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)နှင့် အတူ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု စစ်သည်များ လိုက်ပါသွားကာ ဆေးရုံ ရေယာဉ်ပေါ်တွင် ၂၅ ခုတင်ဆံ့ အဆင့်မြင့် ဆေးရုံတစ်ခုနှင့် ညီမျှသည့် CT Scan Room ၊ Minor Eye Operation Room ၊ Minor Operation Theatre တို့ပါဝင်ပြီး ဆေးရုံတက်ရောက် ကုသနိုင်ရန် လူနာဆောင် (Patient Room) ၊ မေ့ဆေးစက်၊ အသက်ရှူ အားကူစက် များပါဝင်သော အထူးကြပ် မတ်ကုသဆောင်၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်စက်၊ သွေးအတွင်း ရောဂါရှာဖွေရေး စက်များ၊ မျက်စိ၊ နား၊ နှာခေါင်း စမ်းသပ်စက် များနှင့် သားဖွားမီးယပ် လူနာများကို ကုသပေး နိုင်သည့် သားဖွားခန်း တစ်ခန်းပါရှိပြီး ခေတ်မီ ဓာတ်ခွဲခန်း တစ်ခုလည်း ပါရှိသည့်အပြင် လူနာများ လွယ်ကူချောမွေ့ စွာ သွားလာနိုင်ရေး အတွက် ဓာတ်လှေကား စနစ်ကိုလည်း တပ်ဆင် ထားကြောင်း သိရှိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment