Pages

Wednesday, February 24, 2016

ဒို့တာဝန် အရေးသုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရန်အတွက် တပ်မတော်က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ် များအတွင်း ရှင်းလင်းလျက်ရှိ



နေပြည်တော် ၊ ၂၄-၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်၊ ကျောက်မဲမြို့နယ်များ အတွင်း SSA (ရွက်ဆစ်)အဖွဲ့ နှင့် TNLA သောင်းကျန်းသူ အဖွဲ့များ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံပြည်သူများ ဒုက္ခများ ကြုံတွေ့နေမှုအပေါ် တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများ ဖြေရှင်းေ ဆာင်ရွက် ပေးနိုင်ရေးတို့ အတွက် ဖေဖော်ဝါရီ (၁၇) ရက်က ပြုလုပ် ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် အစိုးရ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်း၍ ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြု ခဲ့သည့်အတွက် တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ဒို့တာဝန် အရေးသုံးပါးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက် နိုင်ရန်အတွက် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ ဝင်ရောက် လှုပ်ရှားရှင်းလင်း လျက်ရှိသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်၊ ကျောက်မဲမြို့နယ် များအတွင်း SSA (ရွက်ဆစ်)အဖွဲ့ နှင့် TNLA သောင်းကျန်းသူ အဖွဲ့များသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ (၂၅) ရက်မှ ယခုနှစ် ဖေဖော်ဝါရီ (၁၉) ရက်အထိ တိုက်ပွဲ(၂၀)ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် ကျေးရွာများကို မီးရှို့ခြင်း၊ ရဟန်းသံဃာ များကို ဖမ်းဆီးခြင်း၊ ရွာသူရွာသား များကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ (၁၀)ရက်မှ (၁၅) ရက် အတွင်း ကျောက်မဲ ခရိုင်အတွင်းမှ ဒေသခံပြည်သူ အမျိုးသား (၁၄၆၇) ဦး၊ အမျိုးသမီး (၂၁၉၀) ဦး၊ စုစုပေါင်း (၃၆၅၇) ဦးသည် ကျောက်မဲမြို့ပေါ် နှင့် မိုးမိတ်၊ နမ့်ခမ်းမြို့နယ် များရှိ ကျေးရွာများသို့ တိမ်းရှောင်လျက် ရှိသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်ပြီး တိုင်းရင်းသား ညီအစ်ကို အချင်းချင်း အကြား ညှိနှိုင်း ဖြေရှင်းနေကြောင်း မြေပြင် သတင်းများအရ လည်းကောင်း၊ နှစ်ဘက် အဖွဲ့အစည်း များ၏  ထုတ်ပြန် ကြေညာချက်များ အရ လည်းကောင်း သိရှိရသည့် အတွက် တပ်မတော် အနေဖြင့် စောင့်ကြည့် ခဲ့ကြောင်း သို့သော် ဒေသခံပြည်သူများ အနေဖြင့် ဘေးဒုက္ခများ ပိုမိုကြုံတွေ့ လာရသဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက SSA (ရွက်ဆစ်) အဖွဲ့မှ JMC-S ဒုတိယဥက္ကဌ(၁) ဦးစိုင်းအောင်မြ ထံသို့ SSA (ရွက်ဆစ်)အဖွဲ့ကို သဘောတူ သတ်မှတ် ပေးထားသည့် နေရာသို့ ပြန်လည် ထွက်ခွာ စေရန်နှင့် SSA (ရွက်ဆစ်)အဖွဲ့ နယ်မြေ ကျော်လွန် ဝင်ရောက်ခဲ့မှု အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အကြောင်းကြား စာပေးပို့ခဲ့ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Center) သို့လည်း အကြောင်းကြား ခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် SSA (ရွက်ဆစ်) အဖွဲ့အနေဖြင့် သတ်မှတ် နေရာသို့ ပြန်လည် ထွက်ခွာသွားမည် မဟုတ်ကြောင်း အကြောင်းပြန်ကြား ခဲ့သည့်အပြင် လက်နက်ကိုင် အင်အားများ ပိုမို ဖြည့်တင်း ဝင်ရောက်လာခြင်း၊ ၄င်း အဖွဲ့များ၏ လှုပ်ရှားမှု များသည် ဒို့တာဝန် အရေးသုံးပါးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ထိခိုက်စေခြင်း များကြောင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ် အခန်း(၁) ပုဒ်မ(၂၀) (င)အရ လည်း ကောင်း၊ အခန်း(၇) ပုဒ်မ (၃၄၁)အရ လည်းကောင်း၊ ပြဋ္ဌာန်းချက် များနှင့်အညီ နယ်မြေခံ တပ်များဖြင့် အဆိုပါ နယ်မြေအတွင်း ရောက်ရှိ လှုပ်ရှားလျက် ရှိသော လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment