Pages

Monday, February 29, 2016

ရွှေတိဂုံစေတီတော် သို့ ဂျပန်ချယ်ရီပန်းပင် နှင့် ဓာတ်မြေသြဇာများ လာရောက်လှူဒါန်း


ရန်ကုန် ၊ ၂၉-၂-၂၀၁၆

ဂျပန်နိုင်ငံ အအေးပိုင်း တွင်သာ ပွင့်လေ့ရှိသည့် ဆာကူဒါ ခေါ် ဂျပန်ချယ်ရီ ပန်းပင် ၈၈ ပင်နှင့် အပင်၏အမြစ်များ အချိန်တို အတွင်း ရှင်သန်ကြီးထွား ခိုင်မာစေမည့် ဓာတုဆေးဝါး မပါသော ဂျပန် ဓာတ်မြေသြဇာ တို့ကို ဂျပန် နိုင်ငံသား အလှူရှင်တို့က ယမန်နေ့ နံနက် ၇ နာရီတွင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သို့ လာရောက် လှူဒါန်းသည်။

ဂျပန်နိုင်ငံသား MINAMIKOJI သည် မြန်မာနိုင်ငံသား များနှင့် ဗုဒ္ဓဘာသာဝင် တို့ အထွတ်အမြတ် ထားသော ရွှေတိဂုံ စေတီတော် ကြီးတွင် ဂျပန်နိုင်ငံ၏ အထင်ကရ ပန်းအလှ ဖြစ်သော ဆာကူဒါ ခေါ် ဂျပန်ချယ်ရီ ပန်းပင်များကို လှူဒါန်းလိုသဖြင့် အအေးပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်း သကဲ့သို့ အပူပိုင်းတွင် စိုက်ပျိုး အောင်မြင်စေရန် အမျိုးမျိုးသော သုတေသန များပြုလုပ်ပြီး ရွှေတိဂုံ စေတီတော်သို့ လာရောက် လှူဒါန်းခြင်း ဖြစ်သည်။

ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင်တွင် အဆိုပါ ဂျပန်ချယ်ရီ ပန်းပင်များ အောင်မြင်ဖြစ်ထွန်း စေရန် မြန်မာနိုင်ငံနှင့် ရင်းနှီး ကျွမ်းဝင်ပြီး ဖြစ်သည့် ဒေါက်တာ HARASHI KENTARO က ဓာတု ကင်းလွတ်သည့် ဟာတာကေး သဘာဝမြေသြဇာ များကိုလည်း ပူးပေါင်း လှူဒါန်းခြင်း ဖြစ်သည်။

''ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်မှာ ထာဝရ ဒါန အဖြစ်နဲ့ ဂျပန်ချယ်ရီပန်း တွေ ဝေဆာနေအောင် မြေသြဇာတွေ လှူဒါန်းတာကို အလွန် ဝမ်းမြောက် ဂုဏ်ယူစွာ လက်ခံပါတယ်။ အလှူရှင်တွေ ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ချယ်ရီပန်းတွေ ပွင့်ဖူးဝေဆာအောင် ကြိုးစားစိုက်ပျိုး သွားမှာပါ။ စေတနာ သဒ္ဓါတရား တွေနဲ့ဂျပန် နိုင်ငံကနေ လာရောက်ပြီး ရွှေတိဂုံစေတီတော် ကို လှူဒါန်းကြတဲ့ အတွက် ကျေးဇူး တင်ပါတယ်၊ ဂုဏ်ယူပါတယ်'' ဟု ရွှေတိဂုံစေတီ တော်ဂေါပက အဖွဲ့ဝင် ဦးကျင်အောင် က ပြောသည်။

ဂျပန်နိုင်ငံသား အလှူရှင်များနှင့် အတူ ဂျပန်နိုင်ငံ၏ နံပါတ်(၁) ပန်းပညာရှင် ကမ္ဘာ့ပန်းပညာ ချန်ပီယံ Mr. Muramatsu Fumi hiko ကလည်း ပန်းထိုးပညာဖြင့် ပန်းအလှထိုးနည်း ကို ပရိသတ်သို့ ပြသပြီး ယင်းပန်းများကိုရွှေတိဂုံစေတီတော် သို့ လှူဒါန်းကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment