Pages

Friday, February 26, 2016

ငပလီကမ်းခြေသည် အာရှတိုက်တွင် အကောင်းဆုံးကမ်းခြေတစ်ခု ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကမ်းခြေ ၂၅ ခုတွင်လည်း အဆင့်(၈)နေရာ၌ ရှိနေ




ရန်ကုန် ၊ ၂၆-၂-၂၀၁၆

ကမ္ဘာတစ်ဝန်းရှိ သွားရောက် လည်ပတ်ရန် အကောင်းဆုံး ခရီးစဉ်များ ဖော်ပြလေ့ရှိသည့် အမေရိကန် အခြေစိုက် ခရီးသွား ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော Trip Advisor က ၂ဝ၁၆ ခုနှစ်အတွင်း အကောင်းဆုံး ကမ်းခြေများကို ဖော်ပြခဲ့ရာ မြန်မာနိုင်ငံမှ ငပလီကမ်းခြေကို အာရှတိုက်တွင် အကောင်းဆုံး ကမ်းခြေအဖြစ် ဖော်ပြခဲ့ကြောင်း သိရသည်။

Trip Advisor ခရီးသွား ဝက်ဘ်ဆိုက်၌ လာရောက်လည်ပတ် ခဲ့ကြသော ခရီးသွားများက ဆန္ဒပြုကြရာတွင် ငပလီကမ်းခြေ ကို အကောင်းဆုံး ကမ်းခြေအဖြစ် ၄၁၇ ဦးက သတ်မှတ်ပေး ကြပြီး ၈၂ ဦးက အလွန် ကောင်းမွန်သော နေရာတစ်ခု အဖြစ် မှတ်ချက်ပြုခဲ့ ကြကြောင်း သိရသည်။

ငပလီကမ်းခြေ သည် အာရှတိုက်၏ နံပါတ် (၁) အကောင်းဆုံး ကမ်းခြေအဖြစ် ရပ်တည်နေ သကဲ့သို့ ကမ္ဘာ့ အကောင်းဆုံး ကမ်းခြေ ၂၅ ခုစာရင်းတွင် လည်း အဆင့် (၈) နေရာ၌ ပါဝင်လာခဲ့ပြီး နိုဝင်ဘာလမှ မတ်လအတွင်း သွားရောက် လည်ပတ်ရန် အကောင်းဆုံးဖြစ်ကာ တည်းခိုနိုင်မည့် ဟိုတယ် ၁၅ လုံးနှင့် ရှုခင်းပုံများ၊ သွားရောက်လည်ပတ် ခဲ့သည့် ကမ္ဘာလှည့် ခရီးသွား များ၏ မှတ်ချက်များကို Trip Advisor ၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

အာရှတိုက်၏ ၂ဝ၁၆ ခုနှစ်အတွင်း အကောင်းဆုံး ကမ်းခြေများ စာရင်း၌ ငပလီကမ်းခြေ၏ နောက်တွင် ဖိလစ်ပိုင်နိုင်ငံမှ Nacpan ကမ်းခြေ၊ ထိုင်းနိုင်ငံမှ Kata Noi ကမ်းခြေ၊ အိန္ဒိယနိုင်ငံမှ Agonda ကမ်းခြေ၊ ဖိလစ်ပိုင်နိုင်ငံမှ Yapak ကမ်းခြေ၊ ထိုင်းနိုင်ငံမှ Nai Harn ကမ်းခြေ၊ ထိုင်းနိုင်ငံမှ Sunrise ကမ်းခြေ၊ အိန္ဒိယနိုင်ငံမှ Palolem ကမ်းခြေနှင့် ကမ္ဘောဒီးယားနိုင်ငံမှ Otres ကမ်းခြေတို့ ပါဝင်ကြောင်း သိရသည်။

''ငပလီကမ်းခြေက အရှေ့တောင် အာရှမှာ အကောင်းဆုံးကမ်းခြေ အဖြစ် အရင်ကလည်း သတ်မှတ်ခံရဖူး ပါတယ်။ အခုကမ္ဘာ့ အကောင်းဆုံး ကမ်းခြေစာရင်း မှာရော အာရှတိုက် တစ်ခုလုံးရဲ့ အကောင်းဆုံး ကမ်းခြေအဖြစ်ပါ သတ်မှတ်ခံ ရတာကြောင့် ၂ဝ၁၆ ခုနှစ်အတွင်းမှာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ လာရောက် လည်ပတ်မှု မြင့်တက်လာ နိုင်ပါတယ်'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည် ဝင်ရောက်မှု အရေအတွက် သည် ၂ဝ၁၅ ခုနှစ် ထက်ပို၍ အဝင်များ လာမည်ဖြစ်သည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment