Pages

Tuesday, January 19, 2016

သစ်ပင်၏ အကြောဖြင့် ရက်လုပ်အလှဆင် ထားသည့် Tissue Box ဈေးကွက်အတွင်း ၀င်ရောက်လာ


သင်ပင်၏အကြောဖြင့် ရက်လုပ်ထားသည့် Tissue Box

ရန်ကုန် ၊ ၁၉-၁-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့မှ ထွက်ရှိသည့် သင်ပင်၏ အကြောဖြင့် ရက်လုပ် အလှဆင်ထားသော Tissue Box များကို ယခုနှစ်ဆန်းပိုင်းမှ စတင် ပြုလုပ်ကာ ရောင်းချလျက်ရှိပြီး ဝါးဖြင့် ရက်လုပ်ထားသည့် Tissue Box သြထ များထက် ပိုမိုရောင်းအား ကောင်းလျက် ရှိကြောင်း သိရသည်။

''ဒီ ဒီဇိုင်းက အစ်မကိုယ်တိုင် ရေးဆွဲပြီး ထုတ်လုပ်ထား တာပါ။ ပြီးခဲ့တဲ့ သီတင်းကျွတ်က စပြီး ပြုလုပ်တာပါ။ အခုနှစ်မှာ ဈေးကွက်ထဲကို ဖြန့်ချိလိုက်တော့ လူကြိုက် အတော်လေး များတာ တွေ့ရပါတယ်။ အော်ဒါမှာယူသူ တွေလည်းများပြီး ရောင်းအားလည်း အတော်ကောင်းတယ်။ စားသောက်ဆိုင်တွေ၊ ရိုးရာပစ္စည်း ရောင်းချတဲ့ဆိုင်တွေ နဲ့ ဟိုတယ်တွေက ဝယ်ယူမှု များပါတယ်'' ဟု ရွှေလက်ဆောင် သင်ဖြူးဖျာမျိုးစုံ ရောင်းဝယ်ရေးမှ မမွန်မွန် က ပြောသည်။

ယင်း Tissue Box များမှာ လက်ရှိတွင် တခြား ပလတ်စတစ်ဖြင့် လုပ်ထားသည့် Tissue Box များနှင့် ပြည်ပမှ တင်သွင်းလာသည့် Tissue Box များထက် လူကြိုက်များလျက် ရှိသည်။

ယင်းပစ္စည်းကို ပြုလုပ်ရာတွင် သင်ဖြူးအစကို ညှပ်ပြီး ချည်အနားကွပ်ကို ကြိမ်ဖြင့်တွဲချုပ် ထားခြင်းဖြစ်ကာ တစ်ရက်လျှင် အနည်းဆုံး ၁ဝ လုံးခန့် ပြုလုပ်ပြီး စီးကြောင်း သိရသည်။

ယင်း Tissue Box သည် အားသာချက် အနေဖြင့်လည်း ရေစိုခံခြင်း၊ အရောင်လုံးဝ မကျွတ်ခြင်း တို့ကြောင့် ဝါးဖြင့် ပြုလုပ်ထားသည့် Tissue Box များထက် လူကြိုက်ပိုများ လာခြင်းဖြစ်သည်။

ယင်း Tissue Box များကို အနီရောင်၊ ခရမ်းရောင်နှင့် သင်ပင်၏ အကြော သဘာဝအရောင် ဟူ၍ သုံးမျိုးထုတ်လုပ် ထားပြီး ၄င်းတို့ထဲမှ ရိုးရိုးသင်ကြော သဘာဝအရောင် ကို ရိုးရာပစ္စည်းများ ရောင်းချသည့် ဆိုင်များမှ ဝယ်ယူမှု များပြားကာ အနီရောင်နှင့် ခရမ်းရောင်ကို စားသောက်ဆိုင် လုပ်ငန်းများမှ ဝယ်ယူကြကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment