Pages

Tuesday, January 19, 2016

အထည်ချုပ်စက်ရုံများ၏ ပြည်ပသို့ ချုပ်ထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်းသုံးရာခန့် တိုးတက်လာ



ရန်ကုန် ၊ ၁၉-၁-၂၀၁၆

အထည်ချုပ် စက်ရုံများမှ ပြည်ပသို့ ချုပ်ထည် တင်ပို့မှုသည် ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၁၅ဝဝ ခန့်ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၁၈ဝဝ ခန့် တင်ပို့နိုင်ခဲ့ သဖြင့် သန်းသုံးရာခန့် တိုးတက် လာခဲ့သော်လည်း ခန့်မှန်း ထားသည့် အမေရိကန် ဒေါ်လာ သန်း ၂ဝဝဝကို မပြည့်မီကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

ထိုသို့ ပြည်ပသို့ ချုပ်ထည်တင်ပို့မှုမှ ဝင်ငွေ တိုးတက်မှုသည် စက်ရုံတစ်ခုချင်း စီ၏ ထုတ်လုပ်မှု တိုးတက်ခြင်းကြောင့် မဟုတ်ဘဲ စက်ရုံ အရေအတွက် တိုးလာသောကြောင့် ဖြစ်ပြီး အလုပ်ရှင်နှင့် အလုပ်သမား ကြား ပဋိပက္ခ များကြောင့် အပ်ထည်များမှာ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ ရွှေ့ပြောင်းသွားခြင်း၊ အနည်းဆုံး လုပ်ခလစာ မည်မျှသတ်မှတ် မည်မသိသဖြင့် ပြည်တွင်း လုပ်ငန်းရှင် များက အပ်ထည်များ လက်မခံနိုင်ခြင်း တို့ကြောင့် အမေရိကန ဒေါ်လာ သန်း ၁၈ဝဝ ခန့်သာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''အလုပ်ရှင် အလုပ်သမားကြား ပဋိပက္ခနှင့် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက် တွေကြောင့် ၂ဝ၁၅ ခုနှစ်မှာ အထည်ချုပ် စက်ရုံတွေရဲ့ ချုပ်ထည် ပြည်ပတင်ပို့မှု ဝင်ငွေက တိုးတက် လာပေမယ့် မျှော်မှန်းထား တာထက် လျော့နည်းပါတယ်။ ထုတ်လုပ်မှု မတက်ပေမယ့် ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေ ကတော့ တိုးနေပါတယ်'' ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးမြင့်စိုး ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ ထားကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းအနက် ထုတ်ကုန်ကဏ္ဍ တွင် ၂၆ ရာခိုင်နှုန်း အထိ တိုးတက်လာပြီး ယခင်က ထုတ်ကုန် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းသာ ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment