Pages

Monday, January 25, 2016

ပြင်သစ်နိုင်ငံ၏ Renault ကားကုမ္ပဏီမှ မတ်လတွင် မြန်မာနိုင်ငံသို့ ဇိမ်ခံကားများ တင်သွင်းရောင်းချမည်


ရန်ကုန်မြို့ရှိ ကားအရောင်းစင်တာ တစ်ခုကိုတွေ့ရစဉ်

ရန်ကုန် ၊ ၂၅-၁-၂၀၁၆

၂ဝ၁၆ ခုနှစ်ထဲတွင် ပြည်တွင်းရှိ ကားအရောင်း ပြခန်းများသည် ဥရောပတိုက်ရှိ ဇိမ်ခံကားများ ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ၄င်းကုမ္ပဏီများမှ မော်ဒယ်လ်မြင့် ကားများကို တင်သွင်းမှုများ ပြုလုပ် လာကြရာ မတ်လတွင် ပြည်တွင်းရှိ ကားအရောင်းပြခန်း တချို့သည် ပြင်သစ်နိုင်ငံ၏ နာမည်ကြီး ကားထုတ်လုပ်သည့် Renault ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး ၄င်းတို့ ကုမ္ပဏီမှ ထုတ်လုပ်သည့် ကားများကို တင်သွင်း ရောင်းချသွားမည် ဖြစ်သည်။

" Renault ကုမ္ပဏီမှ ထုတ်တဲ့ ဇိမ်ခံကားတွေက သက်သောင့်သက်သာ ရှိပြီး ဒီဇိုင်းဆန်း တာကြောင့် ဝယ်ယူအားပေး ကြပါတယ်။ Renault ကုမ္ပဏီ ထုတ်ကား တွေကို တင်သွင်း ရောင်းချတဲ့ အခါ မော်ဒယ်လ်မြင့် ကားတွေကိုပဲ ရောင်းချမှု ပြုလုပ်မှာ ဖြစ်ပါတယ်'' ဟု Renault ကား ကုမ္ပဏီနှင့်ချိတ်ဆက်၍ တင်သွင်း ရောင်းချမည့် ပြည်တွင်းကား အရောင်း ပြခန်းတစ်ခုမှ အရောင်း ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း၌ ယင်း ကုမ္ပဏီထုတ်ကား များကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ တို့၌ ၄င်းတို့ ဖွင့်လှစ်ထားသည့် ကားအရောင်း ပြခန်းများ၌ ပြသရောင်းချ သွားမည် ဖြစ်သည်။

ယင်း ကုမ္ပဏီထုတ် ကားများ၏ တန်ဖိုးမှာ အနိမ့်ဆုံး အမေရိကန် ဒေါ်လာတစ်သောင်းခွဲမှ အမေရိကန်ဒေါ်လာ ငါးသောင်း တန်ဖိုးရှိသည့် ကားများကို ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Renault ကားကုမ္ပဏီမှ ၂ဝ၁၆ ခုနှစ်တွင် ယင်း ကုမ္ပဏီထုတ် ကားများနှင့် ဆက်စပ်သည့် အပိုပစ္စည်းများ ကိုလည်း ပြည်တွင်းသို့ တင်သွင်းရောင်းချ မှုများလည်း ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်တွင်းရှိ တခြားမြို့များ ၌လည်း ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment