Pages

Monday, January 25, 2016

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ



ပြင်ဦးလွင် ၊ ၂၅-၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ တက္ကသိုလ်ရှိ ပင်မဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ၏ ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်း က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တက္ကသိုလ် အမှတ်တံဆိပ် (LOGO) ပြိုင်ပွဲတွင် ပထမဆု ရရှိသော မောင်ထွန်းညီညီဇော်၊ ဒုတိယဆု ရရှိသော မောင်ကျော်လင်းသန့် နှင့် တတိယဆု ရရှိသော မသီရိရဲဝင်း တို့အား တာဝန်ရှိသူ တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်ပြီး ဖျော်ဖြေရေး အစီအစဉ်များ ကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်၊ အကပဒေသာနှင့် တေးသီချင်းများ သီဆိုဖျော်ဖြေ ကြသည်။

ထို့နောက် Online Voting ဖြင့်ရွေးချယ်သော ကျောင်းသား King နှင့် ကျောင်းသူ Queen တို့အား ဆုများ ပေးအပ်သည်။

မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၏ Fun Fair အစီအစဉ်၊ ပန်းချီ၊ ကာတွန်း၊ သရုပ်ဖော်ပုံ စသည့် အနုပညာပြပွဲ များလည်း ထည့်သွင်း ကျင်းပခဲ့ပြီး နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ညွန့်ဇော်အောင် ၊ လင်းကြည်လင်း

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment